"ကိုယ်ပါ..မကြောက်နဲ့နော်.."
တစ်ကယ်ပဲ ကျနော့်ကို ဘယ်သူဆိုတာ မခွဲခြားနိုင်လောက်တဲ့ အထိ သူ့ အသိစိတ်တွေ လွတ်နေခဲ့တာလား
မင်းရဲ့ အခုလိုပုံစံမြင်ရတာ ကြေကွဲဖို့ကောင်းလွန်းတယ်
တစ်ကယ်ပဲ ငါ့ကို မမှတ်မိတော့ဘူးလား
ထပ်ထိဖို့ကြိုးစားတော့ ရုန်းကန်ရှောင်ဖယ်ခြင်း မရှိတော့တာနဲ့
တုန်ယင်နေတဲ့ သူ့ ခန္ဓာကိုယ်လေးကို ရင်ခွင်ထဲ တင်းကျပ်နေအောင် ဆွဲဖက်ထားပေးလိုက်ပြီး စိတ်ခြောက်ခြားတာတွေ သက်သာစေအောင် ကျောကို လက်နဲ့ အသာတကြည် ပွတ်သပ် ချော့မြူပေးလိုက်သည်။"Yeollie.. DD ကြောက်တယ်"
သူ့ပါးစပ်က ရွတ်နေတဲ့ မပီမသ စကားလုံးအချို့ နားထဲ တစွန်းတစ တိုးဝင်လာသည့် အခါ နာကျင်ခြင်းနှင့်တုန်လှူပ်ခြင်းကို တစ်ပြိုင်နက်တည်း ခံစားလိုက်ရပြီး သူ့ကို ပွေ့ဖက်ထားသည့် လက်တွေတောင် ယောင်ယမ်းပြီး လွှတ်ချမိတော့မလို
တစ်ခြား တစ်ယောက်ရဲ့ ပါးစပ်ကနေတောင်
Chanyeol နာမည် သူ့ရှေ့ပြော မခံစားနိုင်ခဲ့တာ အခု သူ့ပါးစပ်က ထွက်လာသည်ကို နားနဲ့ဆတ်ဆတ်ကြားလိုက်ရသည့်အခါ နှလုံးသား တစ်ခုလုံး မီးမြိုက်ခံလိုက်ရသလိုပင်"Yeollie .... Yeollie"
တဖွဖွရွတ်နေသည့်သူ့ကို
"ရပ်ပါတော့...ငါ ထပ်မကြားနိုင်လို့ ဆက်မရွတ်ပါနဲ့တော့"
အသိစိတ်မကပ်သည့် သူ့အာရုံထဲ ကျနော့်စကားလုံးတွေ ထိုးဖောက်နိုင်ပုံမပေါ်
မင်းကိုယ်တိုင် ထွက်ပြေးသွားခဲ့ပြီးမှ.. ချန်ရစ်ခဲ့ပြီးမှ
အခုမှ ဘာလို့ ဒီလောက်ထိ သနားစရာ ကောင်းတဲ့ ပုံစံဖြစ်နေရတာလဲChanyeol ကို တမ်းတနေတာလား.. မင်းအနားကို
ပြန်လာစေချင်လို့လား
ငါ့ကိုမမှတ်မိတော့တဲ့ အခြေအနေမျိုးမှာတောင် မင်းရဲ့ မသိစိတ်ထဲ သူက ကပ်တွယ်နေဆဲပဲလား
YOU ARE READING
RED TEAR ( Completed )
Fanfictionအတ္တဆိုတာ မီးတောက်တစ်ခုလိုပဲ ကိုယ်တိုင်လည်းပူလောင်နေရသလို တစ်ပါးသူကိုလည်း ကူးစက်စေတယ်...အဆုံးသတ်မှာ နှစ်ဦးနှစ်ဖက်လုံး ပျက်စီးကြရတာပါပဲ DIKA-CHANSOO VERSION