စိတ်ရှုပ်မခံတော့ပဲ Sakura နှင့်အတူတူ ထွက်သွားတော့မယ်လုပ်ပြန်တော့

" မင်းလုပ်ရက်တွေက အခု မတရားလွန်လွန်းနေပြီ Kim Kai"

နောက်ကနေ လှမ်းအော်လိုက်သည့် Lay

ဒီအတန်းထဲမှာနေရတာလည်း အဲကောင်မသေသေးသရွေ့ ဒီဝဋ်ကကျွတ်မှာ မဟုတ်ဘူး

" အဲဒီတော့ ဘာဖြစ်ချင်လဲ … မကျေနပ်ရင် ကြိုက်တဲ့ရုံးကိုသွားပြီး တရားစွဲလိုက်လေ "

" ဟာကွာ ငါလုပ်လိုက်ရ"

လက်သီးတရွယ်ရွယ်နဲ့ ဒေါသဖြစ်နေသည့် Lay ကို တမင်မဲ့ပြီးပြုံးပြလိုက်ကာ

" လုပ်လိုက်လေ ဒါပေမဲ့ မင်းပဲ လက်ပါတာ မဟုတ်ဘူး ဆိုတာတော့ မမေ့ထားနဲ့ပေါ့ "

" ရတယ်လေ မင်းအခုလို ငါ့သူငယ်ချင်း အပေါ် နိုင်စားရသမျှတော့ နိုင်ထားဦးပေါ့ကွာ"

" Lay Ah…. တော်ပါတော့ကွာ ငါ့ကြောင့် ရန်မဖြစ်ကြပါနဲ့… သူ စိတ်ချမ်းသာ သလို နေပါစေ"

သူ ဝင်တားလိုက်သည်။

စိတ်ချမ်းသာသလိုနေပါစေ ဟုတ်လား

မင်းမျက်စိထဲမှာ ငါက အဆင်ပြေနေပြီး စိတ်ချမ်းသာနေတဲ့ပုံစံပေါက်နေလို့လား

" Kyung Soo ... ရှင်က စကားပြောရင်လေ ရှင်ပဲ လူကောင်းလို လုပ်ပြီး သူများကိုတော့ လူဆိုး ဖြစ်အောင် ပြောတတ်သားပဲ"

" မင်းစကားတွေ ဒီမှာတင် ရပ်သင့်နေပြီ Sakura.. Kim Kai မင်းဟာမကို ခေါ်ပြီး မင်းသွားစရာရှိတာ သွားတော့... ငါ့သူငယ်ချင်းအတွက်က ဒီနေ့ ငါရှိနေရုံနဲ့ လုံလောက်တယ်… မင်းတို့လို ကိုယ့်ဘက်ပဲ ကိုယ်ကြည့်တတ်ပြီး သူများခံစားချက်ကို နားလည် ခံစားမပေးတတ်ပဲ ကိုယ်ဖြစ်ချင်တာပဲ ကိုယ်လုပ်နေတဲ့ အတ္တသမားတွေနဲ့ အဖက်လုပ် စကားပြောဖို့ စိတ်ကုန်သွားပြီ"

Lay ပြောပြီးတာနဲ့ ထိုင်နေတဲ့ Kyung Soo လက်ကို ဆွဲပြီး အပေါက်ဝရပ်နေတဲ့ ကျနော်နှင့် Sakuraကို ဝင်တိုက်ပြီး အပြင်ထွက်သွားသည်။

သူများ လူကိုပိုင်စိုးပိုင်နင်းနဲ့ အဲကောင်က ကျပ်မပြည့်တာလား တစ်ခန်းလွတ်နေတာလား ဒေါသထွက်လိုက်တာ

RED TEAR ( Completed )Where stories live. Discover now