ဒါပေမဲ့ Sakura က သူ့ကို ဂရုမစိုက်ဘဲ
ကျနော့်ဘေးပဲလာရပ်လိုက်မှပဲ စိတ်သက်သာရာရသွားတော့သည်။

" ကိုယ့်ဆီကိုလာတာလား "

" ဒါပေါ့ ဒီအတန်းထဲလာမှာတော့ Kai ဆီကိုပဲပေါ့"

"ဘာအတွက် ကိုယ့်ကိုလာရှာတာလဲ"

"ဒီတိုင်း တစ်ယောက်ထဲ နေ့လည်စာစားရမှာ အထီးကျန်လာလို့"

ပုံမှန်ဆို နေ့လည်ရောက်ရင် သူနှင့် အတူတူ စားနေကြပေမဲ့ ဒီနေ့တော့ သူနှင့် အတူတူ မစားဘူး စိတ်ကူးထားပြီးဖြစ်သလို အခုလည်း Sakura က လာခေါ်တော့ အဆင်သင့်ဖြစ်သွားသည်။

" ကောင်းသားပဲ… ကိုယ်လည်း ဒီနေ့တစ်ယောက်ထဲ အထီးကျန်နေတယ်"

တစ်ချိန်လုံး ကျောက်ရုပ်လို ထိုင်နေတဲ့သူက ချက်ချင်း အနားကို ရောက်လာကာ  Sakura နှင့် ထွက်သွားဖို့လုပ်နေသည့် ကျနော့်လက်ကိုဆွဲဖြုတ်လိုက်ကာ သူ့လက်နဲ့ဆုပ်ကိုင်ပြီး 

"မင်းမှာ ငါရှိတယ်လေ … သူနဲ့လိုက်သွားစရာမလိုဘူး ပြီးတော့ အထီးကျန်နေစရာလည်း မလိုဘူး "

ဒီလိုအချိန်မှာ မျက်နှာပြောင်တိုက်ပြီး ဆွဲတားထားတဲ့ သူ့လက်တစ်ဖက်ကို အားတော့နားပါရဲ့

ဒါပေမဲ့ ခပ်ပြင်းပြင်းခါထုတ်လိုက်ပြီး

"ဒီမှာ Do Kyung Soo … ငါ့ကို ဘာလုပ်ညာလုပ်ဆိုပြီး အမိန့်ပေးစရာမလိုဘူး… ငါသဘောနဲ့ငါ လုပ်ချင်တာလုပ်မယ်… ပြောချင်တာပြောမယ် မင်းဘာမှ ဝင်မစွက်ဖက်နဲ့"

"ဝင်မရှုပ်ချင်စမ်းပါနဲ့ Kyung Soo … ကိုယ့်အခြေအနေကို သိစမ်းပါ … Kai က နင့်ကို မလိုအပ်တော့ဘူး"

Sakura ဝင်ပြောလိုက်တော့ သူဆက်တိုးမဲ့ခြေလှမ်းတွေ တုံ့ဆိုင်းသွားသည်။

ကျနော့်လက်ကို လာပြီးဆုပ်ကိုင်ထားသည့် Sakura လက်တွေကို သူကြည့်ပြီး ခုနက ကျနော်ခါထုတ်လိုက်သည့် သူ့လက်ကို ပြန်ငုံ့ကြည့်ရင်း ဘာမှဆက်မပြောတော့ … နှုတ်ခမ်းသားနှစ်ခုကို တင်းနေအောင်စေ့ထားကာ လှည့်ပြန်သွားပြီး နေရာမှာသွားထိုင်နေသည်။

ရင်ထဲ တင်းကျပ်လိုက်တာ … တစ်ခုခုပြန်ပြောချင်တာတောင် အခုလိုမျိုး ဘာအချိုးချိုးသွားမှန်း မသိတဲ့သူ့ကြောင့် ဘာပြန်ပြောလို့ ပြောရမည်တောင်မသိ။

RED TEAR ( Completed )Opowieści tętniące życiem. Odkryj je teraz