"DDကောက်နေတာလေ"

ခပ်တိုးတိုးလေး မဝံ့မရဲ သူ့ကိုကြည့်ရင်း ပြောလိုက်မိစဉ်
သူက ကျနော့်ကို မော့ကြည့်လိုက်သည်။

အို...သူ့မျက်ဝန်းအိမ်တွေထဲ ပြည့်လျှံတက်နေတဲ့ မျက်ရည်စတွေ

တင်းတင်းစေ့ထားတဲ့ နှုတ်ခမ်းသားတွေ ပွင့်ဟလာကာ

" အနေရခက်တယ် အသက်ရှူကျပ်တယ် Yeollie အချစ်တွေက ပူလောင်တယ်"

သူပြောလိုက်တဲ့စကားက ကျနော့်နှလုံးသား အရှိုက်ကို ဒဲ့ထိသွားကာ ကျဉ်တက်သွားသည်။

သူ ဘာလို့ အခုလိုတွေ ဖြစ်နေရတာလဲ။

ဘာအမှားတွေကျူးလွန်မိခဲ့လို့လဲ။

ဒီအတိုင်းလေး သူ့ကိုချစ်လို့ အားလုံးအလျော့ပေးခဲ့တာပဲ။

" ကိုယ် ဘာလုပ်မိလို့လဲ "

သူမျက်ရည်စတွေကို လက်နဲ့ကြမ်းကြမ်းတမ်းတမ်း သုတ်လိုက်တဲ့အခါ သူ့အသားနုနုလေးတွေ ပွန်းပဲ့မှာ စိုးရိမ်မိ။

"အခုဆို အတန်းထဲကလူတွေကလည်း Yeollieကြောင့် DDကို ရှောင်နေကြပြီ ကျောင်းကလူတွေကလည်း DD ကို မြင်ရင် ကြောက်နေကြပြီ...တစ်ဦးတည်းရှိတဲ့ သူငယ်ချင်း Lay ကို လည်း ရန်ရှာတယ်...ဒါတင်မကသေးဘူး အခု အပြစ်မရှိတဲ့ Hunnie အထိပါ"

ရှိုက်သံသဲ့သဲ့နဲ့ သူပြောသမျှစကားတိုင်းက မှားသည်ဟု ကျနော်မငြင်းနိုင်ခဲ့သော်လည်း ထိုစွပ်စွဲမှုတိုင်းအတွက် ဖြေရှင်းချက် မဟုတ်သည့် အကြောင်းပြချက်တစ်ခုသာ ကျနော့်ထံတွင် ရှိသည်။

" ဒါက ကိုယ် DDကို အရမ်းချစ်လို့"

ဒီစကားကလွဲပြီး တစ်ခြားသောဖြေရှင်းချက်တွေ သူကျေနပ်နိုင်စေမဲ့ အဖြေမျိုးတွေ ရှိမနေခဲ့။

" ဒါကြောင့် Yeollie အချစ်ကို ပူလောင်တယ်ပြောတာပေါ့
DDလည်း လူပဲ...သူများတွေလို အပေါင်းအသင်းတွေနဲ့ ပျော်ချင်တယ်...သူငယ်ချင်းတွေနဲ့လည်း စကားပြောချင်တယ်
လွတ်လွတ်လပ်လပ်နေချင်တယ်"

ကျနော်ထင်ခဲ့တာ ကျနော်ခံယူထားသလိုမျိုး သူရှိနေရင် ကျနော့်ဘဝမှာ ဘယ်အရာမှ ထပ်မလိုတော့သလို သူ့ဘဝလည်း သူ့ဘေးကျနော်ရှိနေပေးရုံနဲ့ ပြည့်စုံနေခဲ့မယ်လို့။

RED TEAR ( Completed )Where stories live. Discover now