ကျနော်က စိတ်မကောင်းစွာ ပြောလိုက်တော့

"Kaiကလည်း…ကိုယ့်ချစ်သူ ကိုယ်တိုင်လုပ်ကျွေးတဲ့ခေါက်ဆွဲပြုတ်က အရသာအရှိဆုံး ဖြစ်မှာပါ ...ကိုယ်ချစ်ရသူ ကိုယ်တိုင်ပြင်ကျွေးတာထက် ဘာမှပို မကောင်းဘူး..."

"ကြည့်ပါဦး စကားတွေတတ်နေလိုက်တာ"

Arigoo…နှုတ်ခမ်းလေးထော်ပြီး ပြောနေလိုက်တာများ အသည်းယားချင်စဖွယ်…အနားကိုသွားပြီး စိတ်ရှိတိုင်းသာ ဆွဲနမ်းလိုက်ရ ဒီနေ့မနက်စာတောင် စားလိုက်ရမှာမဟုတ်။

ဘာလို့များ ဒီလောက်ထိ ချစ်ဖို့ ကောင်းနေမှန်း မသိတော့ပါဘူး။အိမ်ထဲကနေ အိမ်ပြင်တောင် မထွက်စေချင်တော့ဘူး...။တစ်ခြားလူတွေ သူ့ရဲ့ ချစ်စရာကောင်းတဲ့ ပုံစံကို မြင်မှာစိုးလို့...။အခုမှပဲ Chanyeol ခံစားချက်တွေကို ကိုယ်ချင်းစာတတ်လာသည်။ သူ့တုန်းကလည်း ကျနော့်လိုပဲ နေမှာ။

မီးဖိုချောင်ထဲဝင် ရေခဲသေတ္တာထဲက အသင့်စား ခေါက်ဆွဲခြောက်ထုပ် ယူလိုက်ပြီး ဖောက်ထုတ် ပြုတ်ပြီးတာနဲ့ ပန်းကန်ထဲထည့်ကာ သူထိုင်နေတဲ့စားပွဲဆီ ယူလာလိုက်သည်။

"မင်းသားလေး စားဖို့ အဆင်သင့် ပြင်ဆင်ပြီးပါပြီ"

"Hee…Hee"

"ဘာသဘောကျတာလဲ "

"Kaiကို ဒီလိုပုံစံမျိုးနဲ့ မမြင်ဖူးလို့ "

"အခု မြင်ဖူးပြီမလား လာခဲ့ ဒီဘက်ကို"

မျက်နှာချင်းဆိုင်မှာ ထိုင်နေတဲ့ သူ့ကို ဘေးနားကို လာထိုင်ဖို့ ခေါ်လိုက်တဲ့အခါ သူက ချက်ချင်း အနားကို ရောက်လာခဲ့တယ်။

အမုန်းတရားတွေလွှတ်ချလိုက်တဲ့အခါ စိတ်တွေက သိသိသာသာရွှင်ပျနေပြီး သူနှင့်ပတ်သက်သမျှ အရာရာတိုင်းကလည်း အရင်လို မဟုတ်တော့ပဲ ကြည်နူးဖွယ်အတိ။

"စားလို့ရပြီလား"

ဆိုပြီး တူကို ကိုင်လိုက်တော့ သူ့ရဲ့ လက်တွေကို တားလိုက်ပြီး

"ကိုယ်ခွံ့ကျွေးမယ်"

"နေပါစေ Kai ခွံ့ကျွေးရင် အစားပျက် နေမှာပေါ့"

"ကိုယ်က Dyo ကို ခွံ့ကျွေးရရင် ဘာမစားပဲနဲ့ကို ခွံ့ကျွေးဦးမှာ"

RED TEAR ( Completed )Where stories live. Discover now