အမျိုးအမည်မသိတဲ့ ပီတိတစ်ခုဟာ ကျနော့်ကိုယ်တွင်း ဖြာခနဲစီးဆင်းလို့။

ကိုယ်ကိုယ်တိုင်တောင် မထင်မှတ်ပဲပြုမူမိသွားတဲ့ အပြုအမူတစ်ခု။

သူ့ရှေ့မှာထိုင်လိုက်ပြီး သူ့ကို ကျောပေါ်တက်ဖို့ ပြောမိလိုက်သည်။

သူက ဘာပြန်မပြောသေးပဲ ကျနော့်ကို တမေ့တမော စိုက် ကြည့်နေခဲ့တယ်။

ကျနော် ဘာတွေလုပ်နေမိတာလဲ။

"တက်လေ ကိုယ် Dyoကိုကျောပိုးပြီး တက်မယ် … အရမ်းမောနေတယ်မလား"

သူက ကျနော့်ကို ခေါင်းခါပြီး ငြင်းဆိုဆဲ။

သူ့ကိုယ်ကို ပွေ့ချီမယ်လုပ်တော့မှ

" ကိုယ့်ကိုပဲ ရောက်အောင် တက်မယ်  Dyoရဲ့ Kaiလေး ပင်ပန်းနေမှာပေါ့"

အတင်းပဲ အကြောက်အကန် ငြင်းဆိုနေသည်။

မသိရင် သူ့ကို သေဆေးကျွေးနေသလိုပဲ။

" မမောသေးပါဘူး ကိုယ့် Dyoလေး ပင်ပန်းပြီး နေမကောင်းဖြစ်ရင် ဘယ်လိုလုပ်မလဲ …လာပါ ကိုယ်ကျောပိုးမယ် ညောင်းတဲ့အခါ ပြောမယ်"

" တော်ပါပြီ ကိုယ့်ကိုပဲ ရအောင်တက်မယ် အခုအမောပြေသွားပြီ"

" ပြောတော့ ကိုယ့်စကားနားထောင်မယ်ဆို အခုကဘာလဲ …အာခံနေတာလား"

လေသံမာမာနဲ့မေးလိုက်တော့မှ
"ပင်ပန်းမှာစိုးရိမ်လို့"ဆိုပြီး တိုးတိုးလေး ကလေးလေးလို  ပွစိပွစိရွတ်ပြီး ကျနော့် လည်ပင်းကို လက်နှစ်ဖက်နဲ့ ယှက်သွယ်ပြီး ကျောပေါ်ကို ရောက်လာတော့သည်။

ဒီကောင်လေးက အနုနည်းသုံးလို့ မရပါလား။ တစ်ကယ်ကြမ်းပြမှပဲ စကားနားထောင်တော့တယ်။

ဘယ်လို အင်အားတွေနဲ့ တက်လာခဲ့လည်းတော့ မသိဘူး။ သူ့ကို ကျောပိုးပြီးတော့ 88ဆောင်ရဲ့ ခေါင်မိုးထပ်ကို ရောက်အောင် တက်နိုင်ခဲ့ပါတယ်။

Chanyeol ရေးထားသလိုပါပဲ ဒီနေရာလေးက အရမ်းကို သာယာပါတယ် ။

ကျနော်အမောခံရကျိုးနပ်တယ် ပြောရမလားပဲ။
သူလည်း ဒီနေရာလေးကို အရမ်းသဘောကျပုံရပါသည်။

RED TEAR ( Completed )Where stories live. Discover now