"ဘာပဲဖြစ်ဖြစ် သားကို KOREA မှာ ကျောင်းတက်ဖို့ ခွင့်ပြုပေးပါနော် Appa...Chanyeolနှင့်အတူတူ ကျောင်းတက်ချင်တယ် ဒီမှာနေရတာ စိတ်မွန်းကျပ်တယ် "

ဂျစ်ကန်ကန်ပြောလိုက်တော့ Appaက နားလည်မှုအပြည့်ရှိတဲ့ မျက်ဝန်းတွေနဲ့ နွေးထွေးစွာ ကြည့်လာရင်း

" Yeol lay ရဲ့ မိဘတွေကိုယ်တိုင်ကလည်း သူတို့သားကို ဒီပို့ဖို့ စီစဉ်နေကြပြီပဲမလား...သားကလည်း ဒီမှာပဲ သူနှင့်အတူတူတက်ပေါ့...Appaစကား နားထောင်ဟုတ်ပြီလား"

"သားက KOREA မှာပဲ ကျောင်းတက်ချင်တာ သားဘွဲ့ရပြီးရင် Appa လုပ်ငန်းတွေကို အကောင်းဆုံးကြိုးစားပြီး ဦးစီးလုပ်ဆောင်ပေးမှာပါ... ကတိပေးပါတယ်နော်... ဒါကြောင့် သားကို ဟိုမှာပဲ ကျောင်းတက်ဖို့ ခွင့်ပြုပေးဖို့ တစ်ခုပဲ တောင်းဆိုတာပါ..."

ခွင့်မပြုပေးရင် အခုပဲ ချုံးပွဲချ ငိုတော့မဲ့ပုံစံနဲ့ တောင်းဆိုလေတော့မှ

"OK !...သားကတိကိုတော့ သားတည်ပါစေ... ဒါပေမဲ့ ဒီမှာ နောက်ထပ်တော့ နှစ်လလောက် Appa တို့နှင့်အတူတူ ထပ်နေပေးပါဦးကွာ...ရုတ်တရက်ကြီးဆိုတော့ သားနဲ့မခွဲချင်သေးဘူး"

Appaက မျက်နှာလေးညှိုးကျသွားပြီး တောင်းဆိုလိုက်သည်။ တစ်ခါတလေမှာ အရမ်းချစ်ခံရတာကလည်း မကောင်းဘူးနော်။

"ဟုတ်တယ် Omma တို့ မှာ ဒီသားလေးပဲရှိတာ...သားက ဟိုမှာ ကျောင်းတက်မှာဆိုတော့ အကြာကြီး ခွဲနေရမှာ ...Ommaတို့ကို အချိန်နည်းနည်းတော့ပေးပါ သားရယ်"

ဟုတ်ပါတယ်။ ငယ်ငယ်တည်းက အခုချိန်ထိ ကျနော်မှ သူတို့နှင့်အကြာကြီး ခွဲမနေဖူးတာ။

"ဒါဆို နှစ်လပြည့်ရင် ကျောင်းပြောင်းယူပြီး KOREAကို ပြန်မှာနော်...Appa ကကျောင်းပြောင်းဖို့ အတွက် ထောက်ခံချက်ရအောင် လုပ်ပေး"

"Appa တာဝန်ယူပါတယ် စိတ်ချပါ... သားကို ချစ်လို့သာ ခွင့်ပြုပေးလိုက်ရတာ ...အရင်လိုတော့ အရမ်းမဆိုးကြနဲ့ Yeol_lay ကိုလည်း သားက ကြည့်ပြီး ဘေးကနေထိန်းပေး ပြောသာပြောရတာ မင်းတို့နှစ်ယောက်တော့ မြင်ယောင်ပါသေးတယ်"

ခေါင်းလေးတခါခါနဲ့ ကျနော့်ကို ခုထိ စိတ်မချသေးတဲ့ Appa။

"Omma သားကို စိတ်မချပါဘူးကွယ် သားက သွားချင်နေလို့သာ ပေးသွားရတာ "

RED TEAR ( Completed )Where stories live. Discover now