Kyung Soo​တွေး​နေစဉ်​ သူ့​ဘေးနားကို လူတ​ယောက်​လာထိုင်​သည်​။ထိုလူက ​တွေ​တွေ​လေး​ငေး​နေသည့်​Kyung Sooကိုကြည့်​ကာ သူ့လက်​ထဲကကိုင်​ထားသည့်​​ပေါက်စီနှစ်​လုံးမှ တစ်​လုံးကိုလှမ်း​ပေးသည်​။

မျက်​စိ​ရှေ့​ရောက်​လာတဲ့​ပေါက်စီ​ကြောင့်​ Kyung Soo​ကြောင်​​တောင်​​တောင်​​လေး လှည့်​ကြည့်​လာသည်​။ထိုလူက ​ပေါက်စီ​ကိုယူဖို့​မေး​ငေါ့ပြကာ ရယ်​ပြသည်​။

"ယူပါကွ.. မင်းကလဲ အဆိပ်​သုတ်​မထားပါဘူး"

အပြုံးချိုချို​လေးနဲ့​ပြောလာတဲ့ထိုလူ..အသံကလဲတမျိုး​လေးနား​ထောင်​လို့​ကောင်း​နေသည်​..
လူ​ကောင်းတ​ယောက်​ဆိုတာမြင်​ယုံနဲ့တန်းသိနိုင်​သည်​။

"Gomasemithar"

"Gincharnarစားစား.. ​အေးသွားရင်​မ​ကောင်းဘူး"

ထိုလူက​တော့​ပေါက်​စီကိုအသည်းအသန်​စား​နေသည်​။

"အိမ်​ကထွက်​​ပြေးလာတာလား?"

ပေါက်​စီစား​နေရင်းထိုလူက​မေး​လေသည်​။

"Nae"

"ဘာလို့လဲ?မင်းလဲ ငါ့လိုဘဲမိန်းမ​ပေးစားလို့ထွက်​​ပြေးလာတာလား?"

"Arnyi"

"ဟုတ်​ဘူးလား?ငါက​တော့ မိန်းမမလိုချင်​​လို့ထွက်​​ပြေးလာတာကွ.. အိမ်​မှာ​နေရတာမွန်းကျပ်​တယ်​..အခုလို ​လျှောက်​သွားရတာ ​ပျော်​ဖို့​ကောင်းမှန်းမသိခဲ့ဘူး.. မင်းနဲ့ငါသူငယ်​ချင်းလုပ်​မယ်​..မင်းနာမည်​ဘယ်​လို​ခေါ်လဲ?"

"Do Kyung Sooပါ"

"ငါ့နာမည်​ကByun Baekhyun..ငါတို့အခုကစပီးသူငယ်​ချင်းဖြစ်​သွားပီ​နော်​ ဟီး"

Baekhyunဆိုတဲ့တ​ယောက်​က က​လေးတ​ယောက်​လိုဘဲ သူ​ပြောချင်​တာ​ပြောပီးရယ်​ပြ​နေတာ.. ​ပျော်​​ပျော်​လဲ​နေတက်​ပုံဘဲ.. ကြည့်​ရတာချမ်းသာတဲ့မိသားစုက​​နေမှာ..

"Miyan Baekhyun.. ငါ့လိုမိဘမဲ့တ​ကောင်​ကြွက်​ ဘယ်​​ရောက်​လို့ ဘယ်​သွားရမှန်းမသိတဲ့သူနဲ့သူငယ်​ချင်းမလုပ်​ပါနဲ့ကွာ.."

"ဟာကွာ.. မဆိုင်​တာ သူငယ်​ချင်းမှာ အဲ့လိုမျိုး​တွေရှိလို့လား?မရဘူး မင်းနဲ့ငါအခုကစပီးသူငယ်​ချင်းဘဲ..ငါမင်းကိုမြင်​မြင်​ချင်းခင်​လို့ပါကွ..မင်းကအသည်းယားစရာ​လေး ချစ်​ဖို့​ကောင်းတယ်​.. ငါ့ညီ​လေးလုပ်​ပါလား?"

ချစ်မြတ်နိုးမိသူ၏နှလုံးသားမှသည်(Unicode) ချစ်မြတ်နိုးမိသူ၏နှလုံးသားမှသည်(Zawgyi)Where stories live. Discover now