" ကိုယ့်ထက်အသက်ငယ်တာပဲ ဘေဘီလေးက.."

" ဘေဘီကကော ဘာအဓိပ္ပါယ်လဲ.."

" အာ့က...အာ့ကလည်း ကိုယ့်ရဲ့မင်းသားလေးဆိုတဲ့
အဓိပ္ပါယ်... "

"ထားပါ...မင်းပဲအမျိုးစုံကိုပြောတယ်..
ဒါနဲ့ honey ပြောတဲ့ မင်းကြီး Jongin က အသက် ၂၀ကျော်ပြီပြောတာ..ဒီ Jongin က ဘာလို့ ၁၉နှစ်လဲ"

" aww baby honey လေးရဲ့ ကိုယ်တို့က တူမှမတူတာ..."

" ထင်ပါတယ် မတူလောက်ပါဘူးလို့..."

တွေးတွေးဆဆနဲ့ခေါင်းကိုအခါခါငြိမ့်ရင်း
လူကို အထင်သေးတဲ့ပုံစံမျိုးနဲ့လုပ်နေတဲ့ကလေး
ဘေဘေစုတ်လေး...ဂျုံဂျုံနဲ့တွေ့တာပေါ့ကွာ...

" imm ပေါ့ baby honey ရဲ့ ဘယ်တူပါ့မလဲ...
ကိုယ်က ဒီကမ္ဘာကိုအချိန်ခရီးသွားရင်းရောက်လာတဲ့
အိမ်ရှေ့မင်းသားKim Jongin...
ဟိုဘက်က Kim Jongin က ကိုယ့်ရဲ့ အစ်ကို.."

" ဟမ်..."

ကျွန်တော့်စကားကြောင့်
အနည်းငယ် ကြောင်စီစီဖြစ်သွားပုံရတယ်
နှုတ်ခမ်းလေးကိုထော်လို့ စဉ်းစားနေတာလေးက...
ကိုက်ဆွဲချင်စရာ....

" အတည်ပြောတာကလေးရ Jongin hyung က ကိုယ့်အစ်ကို..."

ဒေါက်....

" ဘာကလေးလဲ...မင်းနော်..ငါကိုယ်တော့်ကို
အမည်နာမမျိုးစုံခေါ်နေတာ..ဒါဏ်သင့်ချင်လို့လားဟမ်
နောက်တစ်ခါ ဒီထက်ပိုနာမယ်...
Do Kyung Soo တဲ့ တစ် Do ပဲရှိတယ်.."

ခေါင်းကို ခွပ်ခနဲမည်အောင် ခေါက်ချလိုက်ပြီး
ပြောချင်တာပြောကာ လှည့်ထွက်သွားတဲ့ မင်းသား
ပေါက်စ..
Aigoooo ဟိုပင်ဂွင်းဝက်ပုလို ဒီဝက်ပုပင်ဂွင်းက
ဒေါသအိုးလေးပဲ....😐😐

" imm ပါကိုယ် နောက်ခါမခေါ်တော့ဘူး....
ပြီးတော့ ဒီမှာကြည့် baby honey..."

လှည့်ထွက်သွားတဲ့ ပင်ဂွင်းပုလေးရဲ့လက်ကိုလှမ်းကာဆွဲလိုက်တော့ အရှိန်လွန်သွားပြီး ကျွန်တော့်ရင်ခွင်ထဲတန်းခနဲ
ရောက်လာတယ်....

ကြည့်စမ်း...
ရင်ခွင်ထဲက ပေါက်စနရဲ့ မျက်နှာလေးက အနည်းငယ်နီနေသလို....
ပြီးတော့ ဘေးပတ်ပတ်လည်မှာ တဒုတ်ဒုတ်ဆိုတဲ့အသံ
တွေဟာကျယ်လောင်လျက်
နှလုံးခုန်သံလား အပြင်က ထုနေသလားမသဲကွဲ...

နဖူးစာ အချိန်လည် ☪Where stories live. Discover now