'ဟယ်​နာ က Sujin လုပ်​ငန်းစုဆက်​ခံသူနဲ့ ​တွေ့​နေတယ်​'

'ဘာ...! ဟယ်နာ​လေးက ​​နောက်​တစ်​​ယောက်​နဲ့ဟုတ်​လား အောင်​မ​လေး... ကုန်​ပါပြီ​'

ထယ်​​ဆော့စကားကို ကြား​တော့ ဂျန်​​မြောင်း ​သွေးပျက်​သွားတဲ့ပုံစံနဲ့ဆိုလာသည်၊၊ ဂျန်မြောင်းက ထိုသို့သောလူသာ၊၊

'ကင်​ဂျန်​​မြောင်း အဲ့​လောက်​ရွမ​နေနဲ့ မင်ဝန်း​​​နဲ့ သွားတိုင်​လိုက်​ရ'

'ပိတ်​ပြီ 🙊'

ထိုစကားကိုကြားတဲ့ ဒုံ​ချောက ​ဂျန်​​မြောင်းကို ပိတ်​​ဟောက်​လိုက်​​တော့ ကင်​ဂျန်​​မြောင်းတစ်​​ယောက်​ ပါးစပ်​ပိတ်​ရ​ချေပြီ၊၊

ဂျန်​​မြောင်း အခြားသူ​တွေကို​တော့ မ​ကြောက်​​ပေမဲ့ မင်​ဝန်းကို​တော့ ​ကြောက်​ရသည်၊၊ သူ့လို ပျိုတိုင်းကြိုက်​တဲ့ နှင်းဆီခိုင်​SKBတစ်​​ယောက်​မှာ ဒီလို​ကြောက်​ရတဲ့သူမရှိသင့်​ပေမဲ့ မင်ဝန်း​​ကို​တော့ သူ​ကြောက်​သည်​၊၊ မင်ဝန်း​​က သူ့အဖွားရဲ့အချစ်​​တော်​ဖြစ်​တာကတစ်​​ကြောင်း မင်​ဝန်း​မွှေရင်​ သူထက်​​တောင်​ဆိုးတာမို့ ​ကြောက်​တာတစ်​​ကြောင်း နှစ်​​ကြောင်းနဲ့မို့...၊၊

အဖွားရဲ့အရိုက်မခံရရေး ဂျန်မြောင်းအရေးဖြစ်တာကြောင့်၊၊

'Sujin လုပ်​ငန်းစုက မင်းအ​မေရဲ့ ပြိုင်​ဘက်​ကုမ္ပဏီမဟုတ်​လား'

'ဟုတ်​တယ်​ အဲ့ဒါ​ကြောင့် ငါပိုသံသဝင်​​နေတာ'

​ဂျောင်​မင်​ ​ပြောသည်​ကို ထယ်​​ဆော့က ​ထောက်​ခံပြန်​သည်၊၊

'ဘာပဲဖြစ်​ဖြစ်​ သူတို့နဲ့ရင်းနှီးမှုရပြီးသားဆို​တော့ သူတို့မရိပ်​မိ​အောင်​​နေပြီး ဆက်​စုံစမ်းရမယ်​'

'ဟုတ်​တယ်​ ထယ်​ဆေ့တို့ကို ဒုက္ခ​ပေးဖို့ကြံစည်​​နေတာလဲ ဖြစ်​နိုင်​တာပဲ'

​ဂျောင်​မင်​​ပြောသည်​ကို ထပ်​​ထောက်​ခံ​ပြောဆိုသူက ဒုံ​ချော၊၊

'ဟိတ်​...ဘာ​တွေစိတ်​ဝင်​တစား​ပြော​နေကြတာလဲ'

​ဂျောင်​မင်​တို့ စကား​ပြော​နေတဲ့အနားကို ​ရောက်​လာပြီး​မေးလိုက်​သူက ဟယ်​နာတို့အုပ်​စု။

ချစ်ကြွေးရယ်ပြေစေ〚𝕋ℍ𝔼 𝕋𝔸𝕃𝔼 𝕠𝕗  ⌃𝔹⌃〛Where stories live. Discover now