One

3.7K 325 4
                                    

ကိုယ်အရင်းနှီးရဆုံးသူငယ်ချင်းကို အခြားသူစိမ်းတစ်
ယောက် ၊ အထူးသဖြင့် ကိုယ်ကြည့်မရတဲ့လူတစ်ယောက်
ကများ အရောတဝင်လုပ်နေမယ် ။ ကိုယ့်သူငယ်ချင်းက
လည်း ဒါကိုမငြင်းပယ်ဘူးဆို ဘယ်လိုခံစားရမယ်ထင်လဲ
။ အခြားလူတွေအတွက်တော့မသိဘူး ။ Cai Xukun
မှာတော့ အဲ့ဒီ့ဆိုက်ကိုတစ်ခုရှိတယ် ။

အရင်းနှီးဆုံးကိုမှ တစ်ဦးတည်းသောသူငယ်ချင်းကို
အရောဝင်ချင်ရုံမဟုတ်ဘဲ သူ့အနားကနေဆွဲခေါ်သွားဖို့ ကြိုးပမ်းနေတဲ့သူကို မုန်းတီးမိတယ်ဆိုတာ လွန်တယ် ရယ်လည်းမထင်တာမျိုးပေါ့ ။

" Minghao ... "

Huang Minghao ဟာ ထူးဆန်းနေတာကြာပြီ ။
စာဖတ်နေတဲ့ သူ့မျက်လုံးတွေက အဲ့လောက်ထိ
ကယောင်ခြောက်ချားနိုင်ဖို့ လိုပါသလား ။

အခန်းထဲမှာ လူသိပ်မရှိ ။ ဆရာမလာလို့ စာဖတ်နေရန်
ဝင်သတိပေးသွားပြီးကတည်းက လုပ်ချင်တာလုပ်နေကြ
တဲ့ အတန်းသားတွေကြောင့် ဆူညံသံအချို့ပါ ဖုံးလွှမ်း
နေတယ် ။

" Linkai ဘယ်လဲ .. "

" ကန်တင်း "

" ခဏနေ လိုက်လာခဲ့မယ် "

Xukun နဲ့မျက်စောင်းထိုးနေရာကျလောက်မှာ ထိုင်တဲ့
ကောင်လေးဟာ မတ်တပ်ထရပ်လိုက်တော့ Cheng
ရဲ့အသံကပါ နောက်ကကပ်ပါလာခြင်း ဖြစ်သည် ။
ဆတ်ခနဲ ခေါင်းထောင်ကြည့်မိမှ ကြားထဲမှာကွယ်နေတဲ့
Linkai ရှိမနေတော့ Wang Ziyi ကို တိုက်ရိုက်ပဲ သူလှမ်းမြင်လိုက်ရသည် ။

အခုမှ သူသဘောပေါက်တော့သည် ။ Wang Ziyi
ဟာ မြောက်ဘက်တန်းမှ အရှေ့ဘက်ကျသော သူ့
စားပွဲကနေ အလယ်တန်းကိုကျော်ကာ စာထိုင်ဖတ်နေတဲ့
Minghao ကို ကိုယ်ကိုနောက်လှည့်ပြီးတော့ကို
ထိုင်ကြည့်နေတာဖြစ်သည် ။

" နေရာလဲမလား Minghao "

" ဟင် .."

" ငါနဲ့ နေရာလဲထိုင်လို့ !! "

" အင်း အင်း ... ရပါတယ် "

" ဘာရတာလဲ ။ လာခဲ့ ဒီဘက်ကို ! "

Minghao ကို တကယ်အားမရပါ ။ အဲ့ကောင်အရ
သာခံကြည့်နေတာကိုများ တော်တော်ခံချင်နေလား ဆို
တဲ့ အတွေးဝင်လာတဲ့အခါ အခုမှစိတ်ရှုပ်နေတဲ့အမူအရာ
တွေနဲ့ Minghao မျက်နှာကို သံသယတဝက်ဖြင့်
ပြန်ကြည့်မိသည် ။

Sorry HoneyWhere stories live. Discover now