Agentနှစ်ယောက် လေပေါနေတဲ့အချိန်မှာ ကျိုးယွင့်ရှန်က နားကြပ်တပ်ရင်း တည်ငြိမ်စွာ သီချင်းနားထောင်နေတယ်။ ဝူထောင်ခေါ်လာတဲ့ အနုပညာရှင်က Idol groupတစ်ခုက memberတစ်ယောက်ဖြစ်တဲ့ Boa ဖြစ်တယ်။ ဘာဖြစ်လို့လဲခေါ်လဲဆိုတော့ သူမက အရမ်းနူးညံ့တဲ့ပုံလေးနဲ့ လူကြိုက်များတာကြောင့် ဖြစ်တယ်။ သူမ အစကတောင်ကြည့်မြောက်ကြည့် ကြည့်တုန်းက ဒီထဲမှာသူမလောက် ဘယ်သူမှမလှတော့ စိတ်ကြီးဝင်နေတယ်။ ဒါပင်မယ့်အခု လင်းချန်စယ်ကိုတွေ့တော့ ယုံကြည်မှုလျှော့သွားတယ်။ သူ့အနားထိုင်ရင် ဖုန်မှုန့်လိုဖြစ်သွားမှာ ကြောက်တဲ့အလား သူမက ဝေးရာကို နေရာပြောင်းပြောင်းထိုင်နေတယ်။

ပြိုင်ပွဲဝင်တွေက အခန်းထဲကို တစ်ယောက်ပြီးတစ်ယောက် ဝင်သွားတယ်။ တစ်ယောက်ပြီးတစ်ယောက် ကန်ထုတ်ခံရတယ်။ AYAရဲ့ အဓိကဒီဇိုင်နာ Orlandoက သူတို့ကို စိတ်ပျက်စွာကြည့်ရင်း လက်ခါပြတယ်။

"အသားအရည်က နူးညံ့မနေဘူး ထွက်သွား!"

"ဒီလိုရုပ်မျိုးနဲ့ ဒီကိုလာရဲတယ်လား?
ယုံကြည်မှုရှိတာက ကောင်းပင်မယ့် ယုံကြည်မှုလွန်ကဲသွားရင် မကောင်းတော့ဘူး
ထွက်သွား!"

"အသက်က ဘယ်နှနှစ်? ၁၅နှစ် ဟုတ်လား? ၃၅နှစ်မဟုတ်တာ သေချာလား? မျက်တွင်းတွေကျနေတာက နှာခေါင်းနားရောက်တော့မယ်။ ထွက်သွား!"

"ငါပြောတာက ရင့်ကျက်စွာဆွဲဆောင်မှုရှိတဲ့ ဖြူစင်နူးညံ့မှု ။ ဒါကဘာလဲ? အနုပညာရှင်လား အပျက်မလားတောင် မကွဲဘူး။ အရမ်းအပေါစားဆန်လွန်းတယ်။ ထွက်သွား!"

Orlandoက လူတစ်ဒါဇင်လောက်ကို ဖယ်ထုတ်လိုက်တယ်။ သူနဖူးကိုထောက်ရင်း ရူးတော့မလို ခံစားရတယ်။ ဒီကဝန်ထမ်းတွေကလည်း သူရူးနေပြီလို့ ထင်နေကြတယ်။

ရင့်ကျက်စွာဆွဲဆောင်မှုရှိတဲ့ ဖြူစင်နူးညံ့မှု! လုံးဝမဖြစ်နိုင်တာကြီး!
Eng skillက မူကြိုအဆင့်ပဲရှိရင်တောင်မှ ဒီနှစ်ခုက သံဟဇာတမတည့်တာ သိတယ်။ တစ်ယောက်ယောက်က ဒီလိုအလှမျိုး ရှိတယ်ပဲထားဦး။ ဒီပွဲကို မသိရင် ဘယ်လိုလုပ်မလဲ။ ပြီးတော့ ဒီလိုအလွန်အကြူးလှဖို့ဆိုတာ လူသားတစ်ယောက်က ဖြစ်နိုင်ပါ့မလား?

ထာဝရခ်စ္သူ/ထာဝရချစ်သူ(FOD Arc 4)Where stories live. Discover now