Chapter 2

9.7K 1.1K 9
                                    

Zawgyi Ver

ညစာစားပြီးတဲ့အခါ ဖန်းယို့ရမ်က ဖီးဖိုချောင်ထဲကို ပန်းကန်ဆေးဖို့ ဝင်သွားတယ်။ ကျိဟန်ယွိက ဆိုဖာပေါ်မှာလှဲရင်း TVကြည့်နေတယ်။ ကျိုးယွင့်ရှန်က သူ့ဘေးမှာထိုင်ပြီး အသံခပ်တိုးတိုးနဲ့

"မင်းပိုက်ဆံပြတ်နေတယ်ဆိုရင် မင်းဦးလေးဆီက ဘာလို့မတောင်းတာလဲ? သူ့မှာ ပိုက်ဆံအများကြီးရှိတာပဲ"

ကျိဟန်ယွိအတွက်က သူ့ပါးစပ်က "ပိုက်ဆံ"ဆိုတဲ့အသံကြားရတာ အတော်အော်ဂလီဆန်တာကြောင့် စိတ်မရှည်စွာ

"ပိုက်ဆံတွေက ငါ့ဟာတွေမဟုတ်ဘူး!
ဦးလေးအပိုင်! ဒါနဲ့မင်းမသိဘူးလား?
ငါ့အမေက ချောင်းမိသားစုထဲ နာမည်ပါတယ် ဆိုပင်မယ့် တရားမဝင်သမီးပဲလေ။ အိမ်ကို သွားလည်တိုင်း ငါ့အဘွားက စိတ်ဆိုးနေတာ။ ငါ့ဦးလေးက ငါတို့ကိုကူညီရင် ဒါထူးဆန်းတာပဲ"

ကျိုးယွင့်ရှန်က အလျှော့မပေးဘဲ

"တကယ်လား? သူကမင်းကို သနားတဲ့ပုံပါပဲ။ ညစာစားဖို့ အမြဲခေါ်ခေါ်နေတာဆိုတော့ . . ."

ကျိဟန်ယွိက အကြည့်စူးစူးတစ်ချက်နဲ့

"ဘယ်တုန်းက သူငါ့ကို သနားတဲ့ပုံ ပေါ်လို့လဲ? ဒီညစာစားပွဲတွေက အမေနဲ့ငါရဲ့ သေးသိမ်တဲ့ပုံကို တမင်အသိအမှတ်ပြုနေတာ။ ငါတို့သေသေရှင်ရှင် သူဂရုစိုက်တာ မဟုတ်ဘူး။ တကယ်လို့ ငါသာသူ့ကိုမကြောက်ရင် ညစာစားပွဲတွေကို သွားမယ်လို့ထင်လား? မေးမနေနဲ့ ! တော်တော့! အရမ်းစိတ်ပျက်ဖို့ကောင်းတာပဲ!"

ကျိုးယွင့်ရှန်က ဘာမှမပြောတော့ဘဲ သူ့အခန်းထဲကိုပြန်ပြီး တံခါးလော့ချထားလိုက်တယ်။ အခု ကျိဟန်ယွိက လင်းချန်စယ်ရဲ့ နာမည်ခံချစ်သူသာ ဖြစ်တယ်။ လင်းချန်စယ်က ဆွဲဆောင်မှုအတက်ပညာမှာ ကျွမ်းကျင်သော်လည်း သူတို့အခုထိ မsexရသေးဘူး။ ကျိဟန်ယွိက အစက သူ့ကိုအိပ်ရာပေါ်မှာ နှိပ်ဆက်ဖို့ ဒီအိမ်ကို ပြောင်းလာခဲ့ပင်မယ့် သူ့soul mate ဖန်းယို့ရမ်ကို ဒီအိမ်မှာတွေ့ခဲ့တယ်။ အဲ့ကတည်းက သူဆိုဖာပေါ်မှာပဲ အမြဲအိပ်တော့တယ်။ ကျိုးယွင့်ရှန်အတွက် ဒါအတော်ကံကောင်းတာပဲ။ ကျိဟန်ယွိလို ရင်ဘတ်မှာ ဘာအမွှေးမှမရှိတဲ့ ဆယ်ကျော်သက်အရွယ် လူပျိုပေါက်စလေးက သူ့အကြိုက်မဟုတ်ဘူး။ လက်ရှိမှာ လင်းချန်စယ်နဲ့ ကျိဟန်ယွိတို့က တကယ်တော့ ဖန်းယို့ရမ်ရဲ့ဝင်ငွေအပေါ် မှီခိုနေရတယ်။ လင်းချန်စယ်ခန္တာကိုယ်ထဲရောက်နေတော့ ကျိုးယွင့်ရှန်လည်း ဇိမ်ခံနေတက်တဲ့ မကောင်းတဲ့အကျင့်တွေ ကူးဆက်နေတယ်။ ပိုက်ဆံတွေကို လွတ်လွတ်လပ်လပ် သုံးဖြစ်နေတာကို မဖြတ်နိုင်တော့ ဘဏ်အကောင့်ထဲမှာလဲ သိပ်မရှိတော့ဘူး။

ထာဝရခ်စ္သူ/ထာဝရချစ်သူ(FOD Arc 4)Where stories live. Discover now