"သခင်ကြီး...."

ခေါ်သံကြောင့်ခြေလှမ်းတို့ရပ်တံ့သွားသော်ငြား
သခင်ကြီး Tanaka သည် ပြန်လှည့်မကြည့်ခဲ့

"မင်းကို လက်လွှတ်ပေးလိုက်ပြီ လေ Ichiro
ခုချိန်ကစပြီး မင်းက Chouမဟုတ်တော့ဘူးလေ
Ichiroဘ၀နဲ့ရှင်သန်သင့်ပြီ
နာကြင်မှုတွေ ကြိုးတွေကို မေ့ပစ်လိုက်တော့"

Tanaka Shunsukeကတော့ တဖြည်းဖြည်းပျောက်ကွယ်သွားချေပြီ
လိပ်ပြာကကော တကယ်ဘဲ နာကြင်မှုတွေနဲ့ ကြိုးနီနီတွေကို မေ့ပျောက်နိုင်ပါမည်တဲ့လား။
🌼🌼🌼🌼🌼🌼🌼🌼🌼

ပန်းရနံ့သင်းသင်း နှာခေါင်းဝကို တိုးဝင်လာတဲ့အခါ မျက်လုံးများ အလိုလိုပွင့်လာခဲ့သည်။
နှင်းဆီပန်း နီနီတို့သည် မျက်စိရှေ့က ပန်းအိုးလေးထဲတွင် နေရာယူနေသည်။
ရနေကြ မဟုတ်သည့် ကော်ဖီနံ့ပါ တပါးတည်းကပ်ညိလာသောအခါ
အိပ်ယာထက် ငေါက်ခနဲ ကောက်ထိုင်မိသည်။
"
နိုးပြီလား Han"

ခေါ်သံကြောင့် တစ်ကိုယ်လုံးရှိန်းမြသွားကာ အသံလာရာကိုကြည့်မိလေတော့
ရေချိုးခါစ လန်းလန်းဆန်းဆန်းသူ့မျက်နှာကို မြင်ရလေသည်
အ၀တ်ကင်းမဲ့နေသော မိမိကိုယ်အား စောင်ဖြင့်ဆွဲခြုံရင်း
ဆယ်ကျော်သက် ကလေးကို ရှက်သွေးဖြာရပြန်သည်။

"Han ကလွှမ်းမိုးချင်သူဆိုတာ ကိုယ်သိတယ် Han
ဒီည အဖို့ Han ဦးဆောင်ပါ"

ညက ပြုံး၍ဆိုသော သူ့စကားများကို ပြန်ကြားယောင်ရပြန်သည်။
ရင်ထဲက အညှိုး နဲ့ နာကြည်းမှုများကို ပုံချမိသောအခါ
သူ့အပေါ် ညှာတာမှုမရှိမိခဲ့

မသိစိတ်ရဲ့စိုးရိမ်မှုနဲ့ သူ့မျက်နှာကို အကဲခတ်မိသောအခါ
ဟန်ဆောင်ကောင်းသော သူ့ဆီက အပြုံးတစ်ခုသာ ပြန်ရလေသည်။

"ကိုယ့်ရဲ့ Han တကယ် လူကြီးဖြစ်လာတာဘဲနော်"

အသက်အရွယ်ကြောင့်ထင်ပါရဲ့ သူက ခါးကို ဖိထားကာ ရယ်သွမ်းသွမ်းဆိုသည်။
မရယ်နိုင်တာက Hansaki
မျက်နှာကြီးနီကာ ခေါင်းအုံးတစ်လုံးကို Mori ဆီသို့ ပစ်လွှတ်လိုက်သည်
"ခင် ဗျား အရူး အဖိုးကြီး ခံရတာတောင် ရယ်နေတာ"

အော်ဟစ်ကာရေချိုးခန်းထဲ ၀င်လာသည့်နောက်
နောက်ကကပ်ပါလာသော သူ့ရယ်သံအား
အတိုင်းအဆမဲ့ နှစ်ခြိုက်မိတာ မိမိကိုယ်တိုင်သာ သိပေလိမ့်မည်။

တောင်ပံမဲ့လိပ်ပြာWhere stories live. Discover now