!38!

11K 697 51
                                    

Zawgyi

တောင်ပံမဲ့လိပ်ပြာ
အပိုင်း(၃၈)
🌼🌼🌼🌼🌼🌼🌼🌼🌼
လေးလံလှသော မျက်ခွံများကို အားယူကာ ဖွင့်စဉ်တွင်
ပြေးဝင်လာသော အသိက သူ၏လိပ်ပြာ ဘေးကင်းမှု
"Chou.."
လက်ချောင်းများကို ခပ်တင်းတင်းဆုပ်ကိုင်လာသော လက်တို့ပိုင်ရှင်သည်
မည်သူဆိုတာ ကို သဘောပေါက်မိသည့်အခါ
ပြန်လည် ဆုပ်ကိုင်ထားမိသည်။

"ဘာလို့လဲ Nozomi ကိုယ့်ကို မင်းမုန်းတယ် လေ
ဘာလို့များ ကာကွယ်ပေးရတာလဲ..."

"ချစ်တယ်....Chou
မင်းကို ကိုယ်ချစ်တယ်"

လှသည်...
ယောကျာ်းပီသစွာ Chouဟာ အရမ်းလှသည်
လည်ပင်းသွေးကြောစိမ်းတွေ
ဆေးလိပ်ဒဏ်ကြောင့် အနည်းငယ်ရှိနေသည့် လည်ပင်းက အရာ
တစိမ့်စိမ့်ကြည့်လေ ပိုင်ဆိုင်ချင်မိလေ

ချစ်တယ်...တဲ့လား.....

ပြုံးကာကြည့်နေသော သခင်ကို လိပ်ပြာ အနမ်းတို့ဝေမိသည်။
ကိုယ်တကယ် မင်းနဲ့ထိုက်တန်ပြီလား သခင်

🌼🌼🌼🌼🌼🌼🌼🌼🌼

"သ..ခင်ကြီး..."

ဆေးရုံကုတင်ပေါ်က Nozomiဆီကို အကြည့်ရောက်သွားသည့်အခါ
လိပ်ပြာသည် သူ့ကိုယ်ဖြင့် ကာဆီးလိုက်သည်။

"ငါ သူ့ကို အန္တရာယ်ပေးဖို့လာတာမဟုတ်ဘူး Ichiro
ငါ မင်း ပျောက်နေတယ်ဆိုလို့လာတာ"

"သ..ခင်ကြီး.."

ကြောက်ရွံ့စိတ်ဖြင့် လိပ်ပြာ၏ကိုယ်လေးသည် တုန်ယင်စပြုလာသည်။
တစ်ဖန်ပြန်ကာ သခင်ကြီး၏ တပည့်များကို ပြုစုရဦးမည်လား
ဒါမှမဟုတ် သခင်ကြီးကိုများ...

ပခုံးကို ခပ်ဖွဖွဆုပ်ကိုင်သောအခါ
လိပ်ပြာ၏ မျက်လုံးလေးများ အလိုလိုမှိတ်ကုန်သည်။

"ငါ ဒီအတိုင်း မင်းပျောက်နေတယ်ဆိုလို့ သူ့ဆီလာတာပါ Ichiro
မင်းဘ၀ထဲကို ငါပြန်လာတာမဟုတ်ပါဘူး "

"Nozomi မင်းမိသားစုနဲ့ ကတိပြုထားတဲ့အတိုင်း မင်းကို Ichiroပိုင်တယ်ဆိုတာမမေ့ပါနဲ့..
နောက် ဒီလို သတင်းမျိုး ငါထပ်မကြားချင်ဘူး"

Nozomiသည် ခေါင်းကို တချက်ငဲ့ကာ အရိုအသေလှမ်းပြုသည့်အခါ
သခင်ကြီးသည် လိပ်ပြာကို ကျောခိုင်းသွားလေသည်။

တောင်ပံမဲ့လိပ်ပြာWhere stories live. Discover now