"Kyung Soo! kyung Soo !!"

ခပ်​ဝါးဝါးကြား​နေရတဲ့ အသံခုနဲ့အတူ ရင်​ဘတ်​က လှုပ်​ရှားမှုတစ်​ခု...
ရှေးဦးပြုစုနည်​နဲ့ ကျွန်​​တော့နှလုံးကို တစ်​စုံတစ်​​ယောက်​က လှုပ်​နှိုး​နေတယ်​....

"အဟွတ်​ အဟွတ်​"

ဆို့ကျပ်​​နေတဲ့ ​ရေ​တွေ ပါးစပ်​ဆီက​နေ တလ​ဟော ထွက်​ကျလာပီး မျက်​လုံးကို ဖွင့်​ကြည့်​မိ​တော့ ဝါးတားတားပုံရိပ်​တစ်​ခု ~~~

တဖြည်းဖြည်း ကြည်​လာတဲ့ပုံရိပ်​က ကျွန်​​တော့်​ကို ငုံ့မိုးကြည့်​​နေတဲ့ Jongin......
ကျွန်​​တော်​ အဆင်​​ပြေလား တချက်​ပဲ ကြည့်​ကာ ပြန်​လှည့်​ထွက်​သွားတဲ့ Jongin မျက်​လုံး​တွေက စိတ်​ပျက်​​နေတဲ့ အရိပ်​အ​ယောင်​....

"Ah!!!!''

ထိသွားတဲ့ ​ခြေ​ထောက်​က ​သွေးက ဆက်​ထွက်​​နေတုန်း.. ​ထောက်​လိုက်​​တော့ ဆစ်​ခနဲ နာသွားပြီး ​ခွေကျသွားသည်​...
ကျစ်​ Kyung Soo ရယ်​ ​ပျော့လိုက်​တာ...

"လာ​လေ..ဘာလုပ်​​နေတာလဲ "

ခပ်​လှမ်းလှမ်းကို​ရောက်​သွားတဲ့ Jongin က ကျွန်​​တောင်​မပါလို့ သတိထားမိသည်​နှင့်​တူ...
နောက်​ပြန်​လမ်း​လျှောက်​ရင်း လှမ်း​ခေါ်​နေသည်​...

"လာခဲ့မယ်​..."

ထော့နဲ့ ​ထော့နဲ့နှင့်​ အ​ပြေးတပိုင်းJongin နား သွားတဲ့ သူ့ပုံက အ​တော်​ကိုရုပ်​​ပေါက်​​နေမှာ ကျိန်း​သေပင်​...

"မင်း ​ခြေ​ထောက်​ဘာဖြစ်​တာလဲ "

"ဘာမှမဖြစ်​ဘူး...  "

စိုးရိမ်​သည်​လဲမဟုတ်​..  အနည်းငယ်​မျက်​​မှောင်​ကြုံ့ကာ ကြည့်​​နေတဲ့Jongin ကို လန့်​လာသလို..

"ဒါဆို အဲ့ဒီ​သွေး​တွေက "

လက်​ပိုက်​ပြီး မျက်​စပစ်​ပြတဲ့​နေရာကို ကြည့်​မိ​တော့ ​သွေးက ​စောနက​လောက်​မထွက်​​တော့​ပေမဲ့ ဆို့​နေ​လေသည်​...ထို့အပြင်​ သဲ​တွေနဲ့ ထိထား​တော့ ခုမှ နာရ​ကောင်းမှန်း သိလာသလို...

"အာ ~~​ရေထဲမှာတုန်းက ဆူးနဲ့ညိပြီး ထိထားတာ ဘာမှမဖြစ်​ဘူး "

You've reached the end of published parts.

⏰ Last updated: Jul 18, 2018 ⏰

Add this story to your Library to get notified about new parts!

ဆုံဆည်းခဲ့ဖူး​သော မျဉ်းပြိုင်​နှစ်​​ကြောင်း//(mini) {Hiatus}Where stories live. Discover now