Part-6

9.5K 768 82
                                    

(6) နှစ်ခန့်ကြာသော် ......

__________________________________

" ဒီနေ့ အချိန်ဇယားက ညနေ 5:30 ပြီးမှာပါ၊  7PM Dinner ပွဲတက်ဖို့ရှိပါတယ်....."

အတွင်းရေးမှူးသည် အချိန်ဇယားကိုပြောပြီး အခန်းထောင့်တွင် မတ်တပ်ရပ်နေလေသည် ။ အပ်ကျသံတောင်မကြားရသော အခန်းက ပိုမိုတိတ်ဆိတ်သြားသည် ။ လှပစြာ တည့်ခင်းထားသည့် မုန့်အချို့က စားချင်စဖွယ်တည်ရှိပေမယ့် စားချင်သည့်စိတ်မဖြစ်ပေါ်ပါ ။

" ဒီနေ့ Dinner ပွဲကိုတက်ဖြစ်အောင်တက်ပါ ... "

အသိပေးခြင်းထက် အမိန်ပေးသည်ဆို ပိုမိုမှန်ကန်လိမ့်မည် ။ လွန်ခဲ့သော ၃ နှစ်ကမှ ဒယ်ဒီကုမ္ပဏီအချို့ ကို ဦးဆောင်ခဲ့သည် ။ အခက်အခဲများရင်ဆိုင်ရပေမယ့် ကိုယ်ဦးဆောင်သည့်နှစ်တွင် ကုမ္ပဏီက နဂိုကထက်အောင်မြင်ခဲ့သည် ။ အိမ်နီချင်းနိုင်ငံတွင်လည်း ကုမ္ပဏီများစွာတည်ထောင်နိုင်ခဲ့လေသည် ။

" ဟုတ်ကဲ့ ဒယ်ဒီ....."

ငြင်းဆန်လို့မရမယ့်တူတူ ခေါင်းသာညိတ်လိုက်သည် ။

" ခေတ် မုန့်စားလေ....."

မျက်နှာချင်းဆိုင်တွင်ထိုင်နေသော မမက မုန့်ပန်းကန်များကိုရှေ့သို့တိုးပေးသည် ။

" တော်ပြီ မမ ကျွန်တော် မစားချင်လို့......"

ညိုးငယ်သြားသော မမမျက်နှာကြောင့် အဆင်သင့်ယိုသုပ်ပေးထားသော ပေါင်မုန့်ကိုယူစားလိုက်လေသည် ။ ဝင်းပစြာ ပြုံးနေသော မမက ခုမှစိတ်ချမ်းသာသွားသည်ထင် ။

" ကားပြင် ထားတော့ ငါ့အခု ကုမ္ပဏီကို သွားမယ်....."

" ဟုတ်ကဲ့ သူေဋ္ဌး......"

ဒယ်ဒီ၏စကားအဆုံး အတွင်းရေမှူးသည် အခန်းထဲက ထွက်သြားလေသည် ။

" သမီးနှိုင်း ......နောက်ကလိုက်ခဲ့တော့နော် ဒယ်ဒီ ဝင်စရာနေရာလေးရှိလို့......"

" ဟုတ်ကဲ့....ဒယ်ဒီ....."

လှုပ်ရှားမှုများနှင့်အတူ ဒယ်ဒီနှင့်မမ၏စကားပြောသံတို့ကိုကြားသော်လည်း စားစရာရှိတာသာ ခေါင်းငုံ၍စားနေလိုက်သည် ။

နှလုံးသားစီရင်ခန်း (နှလုံးသားစီရင်ခန်း )Tempat cerita menjadi hidup. Temukan sekarang