Part-2

16.2K 902 91
                                    


Unicode

ကား၏မှန်တွင်ပေါ်နေသော မိမိမျက်နှာကို သေချာပြင်ဆင်နေမိသည် ။ အနည်းငယ် တွန့်နေသော အကျီကို ဆွဲဆန့်လိုက်ကာ နဖူးပေါ်တင်​နေသော ဆံပင်တစ်မျှင် နှစ်မျှင်ကအစ မကျစေရန် ဂရုစိုက်ရသည် ။

" အဲ့လောက်ဆိုရင် မမနှိုင်း ငါကိုသတိထားမိမှာပါ....
ဟဲဟဲ........"

ကိုယ်တစ်ယောက်တည်းကြားရုံသာ ဆိုရင်း ခေတ်၏အိမ်ရှေ့တွင် လေပူမှုတ်ထုတ်ရင်း သက်ပြင်းချလိုက်သည် ။ အလွန်အမြင့်ရှိသော ခြံတံခါးကြောင့် ခမ်းနားလွန်းသည့် တိုက်အပေါ်လွှာကိုသာ မြင်ရလေသည် ။ ဘဲလ်ကို တစ်ချက်နှိပ်ပြီး စဉ်းစားနေမိသည် ။

" ငါပြန်ရင် ကောင်းမလား.......အာ အဲ့တာလည်းမဟုတ်သေးဘူး ဒီကောင်ကို သြားမခေါ်ရင်လည်း ကျောင်းတက်တဲ့နေ့ကြရင် ငါကို နားပူအောင်လုပ်အုန်းမယ် ..."

ခြံရှေ့တွင် ခေါက်တုံခေါက်ပြန်လျှောက်ရင်း စဉ်းစားနေမိသည် ။

" အဟန့် ........"

ချောင်းဟန်သံကြောင့်ကြည့်လိုက်တော့ အစောင်တစ်ယောက်ဖြစ်နေလေသည် ။ အနောက်တိုင်းဝတ်စုံပြည့် ဆင်ယင်ထားသော လူသည် မျက်မှန်ကိုချွတ်လိုက်သည် ။ ခါးကိုင်း၍ အရိုအသေပေးကာ စကားဆိုလာသည် ။

" အကိုလေးက တွေ့ဖို့စောင်နေပါတယ် ......."

" ဪ ဟုတ်ကဲ့........"

ဘာလဲ ခေတ် ငါကို အစောကတည်းက တွေ့နေတာလား.....အဲ့တာမှန်း အစကတည်းမခေါ်ဘူး ...

ဘေးပတ်လည်ကု်ကြည့်တော့ ခြံတံခါးထိပ်များတွင် cctvများကို မြင်တွေ့နေရသည် ။ ဘာစကားမွာ မဆိုဘဲ လာခေါ်သော အစောင့်နဲ့အတူ ဝင်လာလိုက်သည် ။

တကယ်ပဲ ခေတ်တရာ စံအိမ်ပီသပါပေတယ် ....

ခြံတံခါးကျော်လွန်လိုက်သည်နှင့် မရေတွက်နိုင်သော သက်တော်စောင့်များနှင့် ကျယ်ဝန်းလာသော ခြံကြီးက လှပစြာ တည်ရှိသည် ။ ရောင်စုံပန်းပွင့် ၊ ပန်အိုး ၊ ပန်းပင်မ်ားက ခြံကြီးကို ပိုမိုလှပအောင် ခြယ်သနေကြသည် ။

ကြည်လင်နေသော ရေများရှိရာ ရေကူးကန်ကြီးသည့်လည်း အပါအဝင်ဖြစ်သည် ။ အမျိုးမျိုးသော ကားများကို ညီညာစြာ ရပ်ထားလေသည် ။ တနင်္ဂနွေနေ့ဖြစ်သည့်အလျှောက် အန်ကယ်လ်အိမ်မှာရှိသည်ထင် တစ်အိမ်လုံးက တိတ်ဆိတ်နေသည် ။

နှလုံးသားစီရင်ခန်း (နှလုံးသားစီရင်ခန်း )Where stories live. Discover now