သူလေးသေချာဝါးကြည့်ပြီးတော့မှ...

" ommm....marshitr........."

တစ်ခွန်းပဲပြောပြီး ခေါင်းမဖော်ဘဲစားနေတဲ့
မင်းသားလေး..
အရည်လေးတွေကော...တစ်ဂွတ်ဂွတ်နဲ့မော့ချရင်း
သောက်နေတာဟာ..
ပီဘိကလေးငယ်အလား..
ချစ်စရာလေး...

မကြာပါ ခေါင်းလေးပြန်ထောင်လာတယ်...
ဟဟ...နှုတ်ခမ်းကလည်းပေပွလို့...

" မင်းသားလေးရယ် စားနေတာက လည်းကလေးလေးကျလို့..."

ကျွန်တော်မဆိုင်းမတွပင်နှုတ်ခမ်းနုနုလေးအား
လက်ကလေးနဲ့သုတ်ပေးလိုက်တော့..
ကျွန်တော့်ကို မျက်လုံးအပြူးသားပြူးကြည့်နေတယ်..

"အဟမ်း...ကိုယ်တော်ရာဇအိနြေ္ဒမထိန်းနိုင်ဘူးဖြစ်သွားတယ်......"

"Haha...ကိုယ်က အပြစ်ပြောတာမဟုတ်ပါဘူး..
မင်းသားလေးစားတာ ချစ်စရာကောင်းလို့ပြောတာပါ"

Jongin ရဲ့အပြောကြောင့် kyung soo
ရင်ဘက်ထဲကအကောင်လေးဟာ...
ဒုတ်ခနဲတစ်ချက်ခုန်သွားလေတယ်...

" Awhaw...ကိုယ့်တော့်ကိုချစ်ဖို့ကောင်းတယ်လို့
ပြောစရာလား....ကိုယ်တော်ကယောက်ျားပီသတာ..
ဂိုဂူလျောတိုင်းပြည်ထဲမှာ ကိုယ်တော်က
ယောကျာ်းပီသပြီးအချောမောဆုံးသူပဲ..."

သူ့ကိုယ်သူ..
ဂုဏ်ဖော်ကာပြောနေတဲ့မင်းသားပေါက်စ
Kyung Soo လေးကိုကြည့်ပြီးရယ်ချင်မိတယ်..

" Nae...မင်းသားပေါက်စလေးရယ်...ကိုယ်မင်းကိုယုံပါတယ်...."

" အော်ဟော.....ကိုယ်လို့ ကိုယ့်ကိုယ်ကိုသုံးနှုန်းသင့်လို့လား...ကိုယ်တော့်မျက်နှာတော်ကိုစေ့စေ့ဖူးမြှော်ခွင့်
ပေးတာတောင်လွန်လွန်းနေပြီကို...
စောနကလည်းကိုယ်တော့်နှုတ်ခမ်းတော်ကို
လာထိတယ်....သတိထားနေမောင်မင်း...
ကိုယ်တော့်ကို စားပွဲတော်ပြင်ဆင်ပေးလို့ ခွင့်လွှတ်တော်မူထားတာနော်..."

ပြောရင်းနဲ့ စောနကသူစားနေတုန်းကပ်ကြေးလေးန
ဲ့ညှပ်ပေးထားတဲ့ပန်းကန်ထဲက ခေါက်ဆွဲတွေကိုဇွန်းလေးနဲ့ခပ်သောက်နေတယ်...

" မောင်းမင်းက စားဦးမှာလား..."

ခေါက်ဆွဲပန်းကန်လုံးလေးကိုကိုင်ပြီးမေးသူ
မင်းသားပေါက်စန....

နဖူးစာ အချိန်လည် ☪Where stories live. Discover now