Jongin ​သောင်​ပြင်​​ပေါ် လှဲချလ်ုက်​ကာ ​ကောင်းကင်​ကြီးကို ကြည့်​ရင်း ထို​နေ့က ကမ်းစပ်​နားမှာတင်​ မိုး​သောက်​ခဲ့သည်​...

****

"ဟို Kim Jongin ခင်​ဗျား ​ရေကူးတတ်​လား "

"အင်း ကူးတတ်​တယ်​ "

မနက်​စာ အတူစား​နေရင်း Jongin ကို Kyung Soo ​ရေအတူကူးဖို့စိတ်​ကူးရကာ ​မေးလိုက်​မိသည်​... ဘာရယ်​မဟုတ်​ သူပျင်း​နေမှာ ဆိုးတာ​ကြောင့်​........

"အဲ့ဆို ​ရေလိုက်​ကူးမလား.. ကျွန်​​တော်​နဲ့ "

Kyung Soo ​ရှေ့က သူက ဟင်းရည်​ကို ​သောက်​​နေရင်း စဉ်းစား​နေပုံရသည်​...ဇွန်းကိုချ တူကိုယူုပီး ပဲပင်​​ပေါက်​ကို နှိုက်​ကာ...

"ဘာလုပ်​​ပေးရမှာလဲ "

kyung Soo စကားကို အထင်​တမျိုး​ပေါက်​သွားပုံရတာ​ကြောင့်​ လက်​တကာကာနဲ့ ပြာပြာသလဲ ငြင်းပြီး...

"Arnyi arnyi..ကျွန်​​တော်​က ခင်​ဗျားပျင်း​နေမှာဆိုးလို့ ​မေးကြည့်​တာ "

"အင်း ​ကောင်းပီ​လေ... ငါလဲ ဘာမှလုပ်​စရာမရှိလို့ ပျင်း​နေတာ .... ဒါနဲ့ မင်းအသက်​ဘယ်​​လောက်​လဲ ငါ့ထက်​​တော့ငယ်​မယ်​ထင်​တယ်​ "

"23 .. ခင်​ဗျား​ရော ဘယ်​​လောက်​လဲ "

တူကို ပါးစပ်​နဲ့ကိုက်​ပြီး စပ်​စပ်​စုစု​မေးကြည့်​မိသည်​... ဘဝမှာ ပထမဆုံး သူများအသက်​ကို စပ်​စပ်​စုစု ​မေးကြည့်​မိတာ...
သိလိုစိတ်​​ကြောင့်​ ကျွန်​​တော့ မျက်​လုံး​တွေ တဖျက်​ဖျက်​​တောက်​​နေမှာ ကျိန်း​သေ..ဒါ​တောင်​ ဘာမှမဟုတ်​​သေး အသက်​​မေးရုံပဲ ရှိ​သေးတာ....

"မင်းနဲ့ အတူတူပဲ ...အား....."

ဟင်းရည်​ပန်းကန်​ကို တကျိုက်​တည်း​မော့ချလိုက်​ပြီး 'အား ' ခနဲ​အော်​ကာ ပန်းကန်​ကို ဒုန်းခနဲ ပစ်​ချလိုက်​တဲ့ သူ

"အဲ့​တော့ မင်းက ငါ့ကို ခင်​ဗျားလို့မ​ခေါ်ပဲ Jongin လို့​ခေါ်.. ငါလဲ မင်းကို Kyung Soo လို့​ခေါ်မယ်​ Ok "

"Imm "

စား​နေတာကို လက်​စသတ်​လိုက်​ကာ အိမ်​အတွက်​ လိုအပ်​တာ​တွေ ချက်​ပြုတ်​သိမ်းဆည်းပြီး အလုပ်​က်ု Kyung Soo ထွက်​လာလိုက်​သည်​....

ဆုံဆည်းခဲ့ဖူး​သော မျဉ်းပြိုင်​နှစ်​​ကြောင်း//(mini) {Hiatus}Où les histoires vivent. Découvrez maintenant