Chapter 8 - Blooming day [Z+U]

2.6K 320 30
                                    

Zawgyi
Chapter 8 ost - blooming days
______________________________________
Can I be your boyfriend? Can I!
______________________________________
"ခဏနားမယ်​ နာရီဝက်​​နေရင်​ ပြန်​လာရမယ်​​နော်​"

"ဟုတ်​ကဲ့!!!!"

နည်းပြ​ပြောသည်​နှင့်​ sehun အ​ပေါ်အင်္ကျီအား ​ကောက်​၀တ်​ကာ အ​ပြေးထွက်​လာခဲ့သည်​။ ဒီအချိန်​က အ​ကောင်းဆုံးပင်​! In ​လေးတို့က အားကစားအချိန်​မို့ ဒီအချိန်​တွင်​ ဘယ်​သူမှမရှိ​ပေ။

ကိုင်​ထားတဲ့ နို့ဘူး​လေးကို ကြည့်​ကာ sehun ပြုံးလိုက်​သည်​။ ခိုး​ကြောင်​ခိုးဝှက်​လုပ်​​နေရသည်​မို့ နည်းနည်း​တော့ ရင်​ခုန်​ဖို့​ကောင်းသည်​။
ရင်​ထဲ ဖိုးသိုးဖက်​သက်​နှင့်​!

အတန်းထဲ၌ဘယ်​သူမှမရှိသည်​နှင့်​ Jongin ထိုင်​​နေကျခုံကိုသွားကာ နို့ဘူး​လေးကို တင်​ထားလိုက်​သည်​။ sticker note ​လေးလည်း ထားရဦးမယ်​။ စာ​ရေးပြီး​တော့ ခုံမှာကပ်​ထား​ပေးခဲ့သည်​။

အပြင်​ထွက်​ဖို့ကျန်​ကာရှိ​သေး အခန်း​ရှေ့ရှိအသံကြားတာ​ကြောင့်​ sehun ခန္ဓာကိုယ်​ကို ၀ပ်​လိုက်​သည်​။ ရှည်​​နေတဲ့အရပ်​က နည်းနည်း​တော့ ကလန့်​ကလားနိုင်​သည်​မို့ တစ်​ခါတည်း ​မောက်​ရပ်​သာလှဲလိုက်​သည်​။ ​တော်​​တော်​ကြည့်​ရဆိုးမှာပဲ!

အတန်း​ရှေ့က​နေ ဖြတ်​​လျှောက်​သွားတဲ့ ဖိနပ်​နှစ်​ရံ​ကျော်​သွားမှ အသက်​​ကောင်း​ကောင်းရှူနိုင်​​တော့တယ်​။ တစ်​ခြားလူ​တွေမ​ရောက်​ခင်​ မြန်​မြန်​သွားရမယ်​။ မသွားခင်​ ပြတင်း​ပေါက်​က​နေ လှမ်းကြည့်​​တော့ အားကစားကွင်းထဲ ပတ်​​ပြေး​နေရတဲ့ In ​လေး​တို့​တွေ။

အားကစားအင်္ကျီအပြာ​ရောင်​​လေးနဲ့ ထိုက​လေးငယ်​သည်​အရမ်းကို ချစ်​ဖို့​ကောင်းလွန်းသည်​။ ဖြစ်​နိုင်​ရင်​ ကွင်းထဲထိသွားပြီး သူ့ပါး​တွေကို ဆွဲညှစ်​ချင်​ပလိုက်​ချင်​တယ်​။

မဖြစ်​နိုင်​တဲ့ စိတ်​ကိုချိုးနှိမ်​ရင်း sehun ဘက်​စကက်​​ဘောအခန်းထဲ သွားဖို့ ​ခြေလှမ်းပြင်​လိုက်​သည်​။
ကိုယ်​က တက်​ကြွတဲ့ကြက်​ဖကြီး ဖြစ်​​နေ​ပေမဲ့ လဒမှိုင်​မှိုင်​​နေတဲ့ do young က​တော့ ​ဘောလုံးကြီးပိုက်​ကာ မျက်​ရည်​စမ်းစမ်းနဲ့။

두 번째 소유권 ( Second Ownership )Where stories live. Discover now