"ဆရာမ "
ဆေးခန်းအတွင်းလူနာတဦးအား ဆေးထိုး
အပြီးအတွင်အနားသို့အသည်းသန်ရောက်
လာပြီး အလောတကြီးခေါ်ဆိုလာသော အကူတပည့် Nurse မလေးကြောင့်
Jae young အနောက်သို့ ချက်ချင်းလှည့်ကြည့်
မိလိုက်သည်။
" ဘာဖြစ်လို့လဲ "
"ဟို..8နှစ်ရွယ် ကလေးတဦး Rapeလုပ်ခံထိလို့"
"ဘာ!!!"
ကြားလိုက်ရသောသတင်းစကားကြောင့်
Jae Young တယောက်မျက်လုံးပြူးကာ
ကြက်သီးမွှေးညှင်းထသွားမိသည်။
"ဟုတ်တယ် ဆရာမ ကလေးကအခုအပြင်မှာ
ရောက်နေပြီ Shock ဖြစ်ပြီးသတိလုံးဝမလည်
တော့ဘူး"
Nurse လေး၏စကားပင်ဆုံးအောင်နားမထောင်
တော့ပဲ Jae Young အပြင်သို့အလောသုံးဆယ်
ပင်ပြေးထွက်သွားမိသည်။
အပြင်ဘက်ရောက်တော့ ဒေသခံများ4ယောက်
လောက်နဲ့အတူ အဝတ်ပါးတထည်ပက်ထား
သော ဖြူစွတ်သေးငယ်တဲ့ ခန္ဓာကိုယ်လေး
တခုအားတွေ့ရှိလိုက်ရသည်။ မှိတ်ထားသော
မျက်ခွံမို့လေးများမှာထိုးကြိတ်ခံထားရခြင်းကြောင့်ဖူးယောင်ကိုင်းနေသည်မှာ မြင်ရက်စရာ
ပင်မရှိ။ ဆို့နစ်တက်လာသောရင်အစုံကို
Jae Young တည်ငြိမ်အောင်ထိန်းရင်း
အဝတ်စလေးကိုအသာဖယ်ရှားလိုက်စဉ်....
အဝတ်မဲ့ ခန္ဓာကိုယ်လေးတခုကမိမိထင်မှတ်
ထားတဲ့ မိန်းကလေးငယ်တဦးမဟုတ်ခဲ့
ပဲ သားယောကျာ်လေးတယောက်၏ ခန္ဓာကိုယ်
ကိုမြင်လိုက်ရစဉ် Jae Young ယူကျူံးမရမှူ့
တို့ဖြင့်ခြေတစုံတောင်ခွင်ကျချင်လာတာကြောင့်
လူနာတင်တွန်းလည်းလက်တန်းများအား
ဆုပ်ကိုင်ရင်းခန္ဓာကိုယ်ဟန်ချက်မပျက်အောင်
ထိန်းချူပ်မိသည်။
အောက်ပိုင်းမှသွေးများအဆတ်မပျက်ယိုစိမ့်
ထွက်လာနေတာကိုတလှည့် ဒဏ်ရာများနှင့်
ကလေးငယ်၏မျက်နှာကိုတလှည့်ကြည့်ကာ
Jae young ၏ပါးပြင်ပေါ် မျက်ရည်စများ
စီးဆင်းလာတော့သည်။8နှစ် ငယ်လွန်းသေးသည်
အပြစ်မဲ့ကာ ဖြူစင်လွန်းသည်။ ယုတ်အစွဆုံး
ယူကျူံးမရဖြစ်မိသည်က မိမိသားငယ်နှင့်
အသက် မတိမ်းမယိမ်း ကလေးငယ်တယောက်
ဖြစ်နေခြင်းကြောင့်ပင် မိမိတောင်ဒီလောက်
ခံစားနေရလျှင် ကလေးမိခင်ဆိုဘယ်လောက်
တောင်ငိုကြွေးနေမလဲ ဘယ်လိုလူကများ
လူမဆန်သောလုပ်ရပ်နှင့် ညှင်းပန်းနှိပ်စက်
ခဲ့ပါသနည်း။
YOU ARE READING
Hate..Constancy...
Fanfiction"ငါ့မှာမင်းကိုမုန်းပိုင်ခွင့်ရှိလား?.. ရှိမယ်ဆို ငါတစ်ခွန်းပဲပြောချင်တယ်.. ငါမင်းကိုသေလောက်အောင်မုန်းတယ်" " မုန်းစမ်းပါ.. မင်းမုန်းတာကိုငါကဂရုစိုက်နေမယ်ထင်လား ငါကိုယ်တိုင်က မင်းရဲ့အမုန်းတရားမှာပျော်ဝင်မဲ့လူသားဦးပဲ...
