Part-9

277 21 7
                                        

''ဘုတ်​''

Baekhyun အားလိုက်​ပို့ပြီးKai အတန်းဘက်
ကိုပြန်​​နေတုန်း ​ကော်​ရစ်​တာအထွက်​မှာ
အရှိန်​ပြင်းပြင်း ဝင်​တိုက်​သွားတဲ့ ခန္ဓာကိုယ်​ပုပုလုံးလုံး နဲ့​ကောင်​​လေးသည်​ကားသူ့ကိုဝင်​တိုက်
မိသည်​​တောင်​မထင်​ ဂရုမစိုက်​စွာ အ​မောတ​ကောကို​မပြေး​ယုံတမယ်​သုတ်​သုတ်​လျှောက်​သွားတာ။ အဟတ်​ ဒါမျိုးဘယ်​ရမလဲ
ပုံစံကြည့်​​တော့ အခုမှ First Year​လေးက
သူ့လိုSeniorကို မထီမဲ့မြင်​ပြုသွားတာ။
ရှေ့မှ​သုတ်​သုတ်​ထွက်​သွားတဲ့​ကောင်​​လေးကို
နောက်​က 2လှမ်း​လောက်​​ပြေးလိုက်​ပြီး
ကျောပိုးအိတ်​ကို​ဆောင့်​ဆွဲထားလိုက်​​တော့။

"ဘာလဲဗျ... ဘာလုပ်​တာလဲ"

မျက်​လုံးပြူး မျက်​ဆန်​ပြူးနဲ့ပြန်​​မေး​နေပုံက
သူဝင်​တိုက်​မိတာ​တောင်​မသလိုလို အနားကပ်​မှ
ကို့ပုခုံးသာသာ​လောက်​ပဲရှိတဲ့အရပ်​က Baekhyun ထပ်​​တောင်​ပု​သေးပါးလို့မှတ်​ချတ်
ပြုလိုက်​မိ၏။

"ဘာလုပ်​တာလဲဆိုတာ ငါကမင်းကိုပြန်​​မေးရမှာ
လူတ​ယောက်​ကိုဝင်​တိုက်​ပြီးရင်​ ​တောင်းပန်​သင့်
တယ်​ဆိုတဲ့ ယဉ်​​ကျေးမှု့ကိုမင်းမသိတာလား"

"​တောင်းပန်​တယ်​ဗျာ.."

ယတိပျက်​​ပြောပြီးထွက်​သွားဖို့ပြင်​​နေတဲ့ပုံက
တကယ်​ ​မထီမဲ့မြင်​မို့ လွယ်​အိတ်​​နောက်​​ကျောကို
လွှတ်​မ​ပေးပဲ ပြန်​ဆွဲထားလိုက်​သည်​။

" ဟာ~ ဘာလဲ ခဗျားဘာဖြစ်​ချင်​တာလဲ"

လူကသာပုတာ ဖြစ်​​နေတဲ့မျက်​နှာကဘီလူး
ပေါက်​စကျ​နေတာပဲ။

"မင်းက​ရောဘာလဲ ကို့ထက်​ကြီးတဲ့ Senior
တွေကို​လေးစားရမှန်းမသိတာလား?
ဒီလို အ​ပေါ်ယံ ပြီးပြီး​ရော​တောင်းပန်​လို့ရလား"

Major Class Room ​ပျောက်​လို့ရှာရင်း
အချိန်​​နောက်​ကျ​နေလို့ လူကစိတ်​အိုက်​​နေတဲ့
ကြားထဲ ဘာမဟုတ်​တာနဲ့အကျယ်​ချဲ့ရန်​စ​နေ​သော
ထိုသူ​ကြောင့်​ Kyung sooစိတ်​​တွေပိုတို
လာသည်​။

Hate..Constancy...Tahanan ng mga kuwento. Tumuklas ngayon