ဟင်းချက်​ပြီး​တော့ Jack ကို အစာ​ကျွေးကာ
သူပါ ဟင်းဝိုင်းပြင်​ကာစားလိုက်​သည်​....
ညအချိန်​​ရောက်​​တော့ ရွာမှာမို့ မီးမ​ပေး​ချေ...​ခေါင်းအုံးကို ယူ ကွပ်​ပျစ်​​ပေါ်လှဲချကာ ​ကောင်းကင်​​ပေါ်က မ​ရေတွက်​နိုင်​​အောင်​ရှိတဲ့ ကြယ်​​လေး​တွေကို တဝကြီးကြည့်​လိုက်​ရင်း....

"omma နဲ့ appa ​နေ​ကောင်းရဲ့လား...
အဲ့မှာ​ကော အဆင်​​ပြေလား....သားကို စိတ်​မပူနဲ့​နော်​ သားက အဆင်​​ပြေ​ပြေ​နေ​နေတယ်​...ပြီး​တော့..
သတိရတယ်​... "

ပင်​လယ်​ရဲ့ လှိုင်းပုတ်​သံ​တွေက တိုးညှင်းစွာ ရှိုက်​ဝင်​သွားတဲ့ Kyung Soo ရဲ့ ငိုသံ​လေးကို ဖုံးလွှမ်း​ပေးသ​ယောင်​...

"သား အဆင်​​ပြေ​အောင်​ ​နေ​နေ​ပေမဲ့... သူများမိသားစု​တွေ ချစ်​ချစ်​ခင်​ခင်​​နေတာကို ​တွေ့ရင်​ ရင်​ဘတ်​ကြီးက နာတယ်​.. ဘာလို့ သားကိုပါ ​ခေါ်မသွားတာလဲ ဟင်​ ? Omma "

တဖြည်းဖြည်းနှင့်​ သန်း​ခေါင်​ချိန်​နီးကပ်​ပြီမို့ Kyung Soo လဲ ​ခေါင်းအုံးကို ပိုက်​ကာ ရှိုက်​ရင်းပင်​ အိမ်​ထဲကို ဝင်​သွားလိုက်​​တော့သည်​..........

******

​ေ-ြးမသား....

ခွပ်

ကျစ်​*

နောက်​ဘက်​က​နေ ထိုးကျိတ်​​နေတဲ့ အသံ​ကြောင့်
Jongin ​ကျောခင်းအိပ်​​နေရာမှ ထကာ စိတ်​ပျက်​စွာနှင့်​ စုပ်​တချက်​သတ်​မိသည်​...

ပါး​စောင်းမှာရှိတဲ့ Lollipop ကို​ရှေ့ပြန်​ပို့ပြီး..
"​ဟေ့​ကောင်​​တွေ နားညည်းတယ်​ကွာ "

Jongin ​ရှေ့က ထိုးကြိတ်​ခံထားရတဲ့​ကောင်​​လေးက​တော့ သူ​အော်​လိုက်​တဲ့ ချိန်​တည်းက ​ပြေးတာ ခုဘယ်​​ရောက်​သွားမှန်းမသိ...
မျက်​စိ​ရှေ့က အ​နှောက်​နှစ်​​ကောင်​ကို ရှင်းရမှာ အားနာတယ်​ဆို​ပေမဲ့လဲ သူရှိ​နေတဲ့ လမ်း​ကြောင်းမှာ စိတ်​အ​နှောင့်​အယှက်​​ပေးတာမို့ ပါးပါး​လေး ပညာပြသင့်​သည်​...

"မင်းက ဘာ​ကောင်​မို့လဲ ဟမ်​? "

Jongin ပါးကို ခပ်​ဆတ်​ဆတ်​ရိုက်​ကာ ပုခုံးကို လက်​ညိုးနဲ့တွန်း​နေတဲ့ အနှီ​ကောင်​...
ပါးစပ်​က Lollipop ကိုပစ်​ထုတ်​လိုက်​ပြီး ​ရှေ့က လူမိုက်​အ​ယောင်​​ဆောင်​ ငနှဲအား တံ​တွေးနှင့်​​ထွေးလိုက်​သည်​..

ဆုံဆည်းခဲ့ဖူး​သော မျဉ်းပြိုင်​နှစ်​​ကြောင်း//(mini) {Hiatus}Where stories live. Discover now