😍Just Love 😍Ep-9(part 2)

Начните с самого начала
                                    


Junmyeonတို့ တည်းမည့် Hotelမှာ မှာ ရေထဲတွင် ဆောက်ထားသည့် ခြေတံရှည် တဲအိမ်ပုံစံမျိုးဖြစ်သည်
ကမ်းစပ်နှင့် Hotel ကြား သစ်သားတံတားရှည်လေးရှိသည် ......

ထိုတံတားလေးပေါ် ဖြတ်လျှောက်ရသည့် ခံစားချက်ကို ဘာနှင့်မှ မလဲနိုင်....  Junmyeon သဘောကျလွန်းသဖြင့်   ပါးစပ် နားရွက်ချိတ်မတတ် ပြုံးရယ်နေမိသည် .....

YiXing မှာလည်း Junmyeon ပျော်နေတာကို ကြည့်ပြီး  အပျော်တွေ ကူးစက်လာရသည် ....

Ge Ge ကျွန်တော်တို့ Speedboat နဲ့ ပတ်မှာနော် Ge Ge တို့ အတွက် တစ်စီး ကျွန်တော်နဲ့ Kris Ge က တစ်စီး   ......

Tao ရဲ့ အသံဆာဆာ .....

**အင်း YiXing ဒီခရီးစဉ်ကို စီစဉ်လိုက်တာ မှန်သွားပြီ အကုန်လုံးပျော်နေကြတာပဲ ..... **
Kris နှင့် Tao တို့မှာလဲ YiXing  ကိစ္စတွေ အားလုံး ဝင်ပါနေရသောကြောင့် ကျေးဇူးတင်သောအနေဖြင့် သူတို့ နှစ်ယောက်ကိုပါ ခေါ်လာခဲ့တာပင်

CEO Zhang ဒါ ဘယ်လိုနေရာလဲဟင် ဘာလို့ ကမ်းခြေတစ်ခုလုံး အနီရောင်တွေ ဖြစ်နေတာလဲဟင်

နှုတ်ခမ်းလေး တဆူဆူနှင့် မေးလာသည့် Junmyeon ပုံစံလေးမှာ အသည်းယားစရာ အခုမှ တကယ့် ကလေးလေးနှင့် တူသွားတော့သည် . . .

ဒီကမ်းခြေကို Panjin Red Beach လို့ခေါ်တယ် Junရဲ့ ဒါက ပင်လယ်အစစ်တော့ မဟုတ်ဘူး
Liohe မြစ်ပေါ်မှာ ရှိတာလေ  အနီရောင် ပင်လယ်ရေညှိတွေကြောင့် ကမ်းခြေလိုပုံစံ ဖြစ်နေတာ ကိုယ်တို့ အခုလာတဲ့ အချိန်က သူ့ရာသီမဟုတ်သေးလို့ လူရှင်းနေတာ 

September October လလောက်ဆို ခရီးသွားတွေ အများကြီး ပဲ လာကြတာ

YiXing ရှင်းပြသမျှကို ဂရုတစိုက် နားထောင်နေတဲ့ Junလေးရဲ့ မျက်လုံးလေးတွေဟာ တဖျတ်ဖျတ်လက်လို့ နေသည်

**မဖြစ် မဖြစ် ထိုမျက်ဝန်းများနှင့် YiXing ကြာကြာ ရင်ဆိုင်ဖို့ မဖြစ်နိုင် **

Jun အပေါ် ထားတဲ့ သဘောထားတွေ တဖြည်းဖြည်း နက်ရှိုင်းလာမှန်း  YiXing ကိုယ့်ကိုယ်ကို သိသည်

***YiXing စိတ်ထိန်းစမ်း  ကလေးကို ပျော်အောင် လိုက်ပို့တဲ့ ခရီးစဉ်မှာ စိတ်ရှုပ်အောင် လုပ်လို့ မဖြစ်ဘူး  ***

Just Love [ Completed ]Место, где живут истории. Откройте их для себя