လက်စွပ်အနောက်ဘက်ခြမ်းမှာလွတ်နေတဲ့ ပလက်တီနမ်သားပေါ်ကို ကျွန်တော်ညွှန်ပြလိုက်သည်။

ဒီဇိုင်းကဘယ်လောက်ပဲရိုးရှင်းပြီးလှနေပါစေ ၊ အခုအချိန်မှာ သူကဒီလက်စွပ်ကိုမမြင်နိုင်သူတစ်ယောက်ဖြစ်နေပြီလေ!

ဒီအမှန်တရားတစ်ခုကို ကျွန်တော်မုန်းတီးစွာလက်ခံထားရပေမယ့် ကျွန်တော်ချစ်တဲ့သူ့အတွက်တော့ အနည်းဆုံးပျော်ရွှင်မှုတစ်စွန်းတစ်စနဲ့ နွေးထွေးမှုတစ်စိတ်တစ်ပိုင်းကိုပေးချင်ခဲ့တယ်။

စာရွက်တစ်ရွက်ပေါ်မှာ

Lucas ဆိုတဲ့ကျွနိတော့်ရဲ့ကိုယ်ပိုင်အမည်တစ်ခုနဲ့ Jungwoo ဆိုတဲ့ကျွန်တော့်နှလုံးသားကကိုယ်ပိုင်နာမည်တစ်ခုကိုချရေးပေးလိုက်သည်။

"ဒီနာမည်တွေအနောက်ဘက်မှာထိုးမှာနော်?"

"အင်း ဟုတ်တယ်"

"ညီမ လက်အတိုင်းလေးယူမယ်နော်"

ကျွန်တော့်ရဲ့ ဘယ်ဘက်လက်သူကြွယ်ကိုလက်အတိုင်းယူပြီး ဝန်ထမ်းကောင်မလေးကမှတ်ထားလိုက်သည်။

Jungwoo ကပါမလာတာကြောင့် ကျွန်တော်ခိုးမှတ်ထားရသော ၊ သူ့လက်အတိုင်းကိုမှန်းပြီးမှတ်ထားရတဲ့ကျွန်တော့်ရဲ့မှတ်ဉာဏ်တစ်ခုကိုသာပြန်ခေါ်လိုက်မိသည်။

အရင်ကတော့ သူနဲ့ကျွန်တော် အတူတူ ဆင်တူလက်စွပ်ရွေးကြဖို့နဲ့ ကလေးဆန်တတ်တဲ့သူက ဟိုဒီဇိုင်းကြိုက်လိုက် ဒီဒီဇိုင်းရွေးလိုက်လုပ်နေရင်ကျွန်တော်ကဘေးကနေဆုံးဖြတ်ပေးဖို့ စိတ်ကူးယဉ်ခဲ့ဖူးတယ်။ ခပ်မာမာယောက်ျားတစ်ယောက်မို့ဘဝတစ်သက်တာမှာစိတ်ကူးယဉ်တာမရှိခဲ့ဖူးပေမယ့် "သူ" ဆိုတဲ့ပညတ်ချက်တစ်ခုကြောင့် စိတ်ကူးယဉ်ခြင်းတွေကိုလည်း "ပညတ်" ချက်တစ်ခုအနေနဲ့ကျွန်တော် စမ်းသပ်ခဲ့တာ ၂ နှစ်နဲ့ ၆ လရှိနေခဲ့ပြီဖြစ်သည်။

"နောက်တစ်ကွင်းကရော ဘယ်အတိုင်းနဲ့လုပ်လိုက်ရမလဲ"

ဝန်ထမ်းကောင်မလေးကအလိုက်တသိမေးလာတဲ့အထိကျွန်တော် မှိုင်ပြီးငေးနေမိတယ်။

"ahh. ကျွန်တော့်လက်အတိုင်းရဲ့တစ်ဆင့်နိမ့်တဲ့အတိုင်းနဲ့ပဲလုပ်လိုက်ပါ"

Stephanotis Where stories live. Discover now