{Zawgyi}
'နင်းခြေဖျက်ဆီးရန် စတင်ခြင်း'
ဖိနပ်တောင်သေချာမစီးနိုင်ပဲ
ဆေးရုံသို့အပြေးလာခဲ့ရသည်...ကျေးဇူးပြုပြီး...
Appa တစ်ခုခုမဖြစ်ပါစေနဲ့...
Appa ဘာမှ မဖြစ်ရဘူးနော်...အခန်းရှေ့ကိုရောက်တော့
မှန်ပေါက်ကနေမြင်လိုက်ရသည်က...
ကုတင်ပေါ်မှာလဲလျောင်းနေသော
Appa ကိုကြည့်ပြီးငိုနေသော
Omma ရဲ့နောက်ကျော...••...Omma...••
••...ဟင် သားလေး...••
••...Omma ...A Appa
ဘာမှမဖြစ်ဘူးမလား
ဒီတိုင်းပင်ပန်းလို့ မူးလဲ
သွားတာမဟုတ်လားဟင်...••ကျွန်တော့်ရဲ့အငိုတစ်ပိုင်းမေးခွန်းကြောင့်
ရှိုက်ငိုနေရင်းနဲ့မှ ကျွန်တော့်မျက်ရည်တွေကို
သုတ်ပေးကာ လက်တွေကိုဆုပ်ကိုင်လာရင်း
ခပ်ပါးပါးလေးပြုံးပြလာတဲ့ Omma
မျက်လုံးမှာဘာလို့ မျက်ရည်တွေ
အပြည့်လဲ Omma ရယ်...••...သား Appa ဘာမှမဖြစ်ပါဘူးကွယ်...
ပင်ပန်းလို့ခဏအိပ်နေတာပါ
သားဘာလို့ကျောင်းချိန်ကြီးကို လာရတာလဲ...••••...သား Appa ကိုစိတ်ပူတယ်...••
••...Appa ဘာမှမဖြစ်ပါဘူး အိပ်နေတာလေ
သားလဲတွေ့ရဲ့သားနဲ့...••••...Appa...Appa သားလာတယ်လေ...
သားကိုစိတ်ပူအောင်မလုပ်ပါနဲ့နော်...••••...Hyun လေး သား...ကလေးက
ဆေးရုံမှာအကြာကြီးမနေရဘူးလေ
မြန်မြန်အိမ်ပြန်တော့နော်...
ဒရိုင်ဘာ ဦးလေးကြီးရော
ပါလာတယ်မဟုတ်လား...••••...ဟင့်အင်း...••
••...တစ်ယောက်တည်းလာခဲ့ရတာလား...••
••...nae...••
သားရဲ့လေးတွဲနေတဲ့အဖြေကို
ကြားလိုက်ရသည်မှာ
ရင်ထဲကိုနင့်သွားသည်...အငှားကားမစီးခဲ့ဖူးသော သားရဲ့ဘေးမှာ
ဒရိုင်ဘာတစ်ယောက်တောင်
မထားနိုင်တော့ဘူးလို့
ထင်နေရတာမဟုတ်လား...
သနားစရာကောင်းလိုက်တဲ့
Omma သားလေးရယ်...
YOU ARE READING
TOXIC INK
Fanfictionလက်စားချေရန်တစ်ခုသာ ဦးနှောက်ထဲ နေရာအပြည့်ယူခဲ့ပြီး နာကျင်နေသည် လိုအပ်နေသည် ကိုတောင် ဝေဖန်ပိုင်းခြားနိုင်စွမ်း မရှိတော့သည်အထိ ရက်စက်တတ်တဲ့ နှလုံးသားက ကိုယ်နာကျင်စေမိသည့်ကလေးကိုမှ ချစ်သွားသည့်အခါ ပြန်လည်ပေးဆပ်ရန်မဖြစ်နိုင်သလို ရှေ့တိုးဖို့လဲမဖြစ်တော့...