၁. အချစ်နှင့် အမုန်း
Start from the beginning
ကော မိသားစု၏ ချမ်းသာကြွယ်​ဝမှုက ဘယ်​သူမှ မခန့်​မှန်းနိုင်​သည့်​ အတိုင်းအတာမှာ ရှိသည်​။ ထိုကဲ့သို့ ကြွယ်ဝ​လာခြင်းမှာ ​ကော​ကွေ့ချန်​၏ ကြိုးစားမှု​ကြောင့်​ဟု ​ပြောလျှင်​ မမှား​ပေ။ ​ကော​ကွေ့ချန်​သည်​ လုပ်​ငန်း​ပေါင်းစုံ လုပ်​ကိုင်​သည်​။ အ​ယောင်​ပြထားသည့်​ စီးပွား​ရေး လုပ်​ငန်းအသွယ်​သွယ်​၏ ​နောက်​ကွယ်​တွင်​ ​မှောင်​ခိုလုပ်​ငန်းများ အများအပြားရှိသည်​။ ဘိန်း၊ လက်​နက်​၊ လူမှ အစ အမျိုးမျိုး​သော ကုန်​သွယ်​ခြင်း​တွေကို လက်​ဝါးကြီး အုပ်​ထားနိုင်​ခဲ့သည်​အထိ ​ကော​ကွေ့ချန်​က ထက်​မြက်​လွန်းသည်​။
သူ ​မွေးစားခဲ့​သော သားသမီးများမှာ သူ၏ ပင်​မ ​ထောက်​တိုင်​များပင်​ ဖြစ်​သည်​။ ငယ်​စဉ်​ကပင်​ စမ်းသပ်​​လေ့ကျင့်​မှုများစွာကို ဖြတ်​​ကျော်​ပြီး​နောက် ​သူ၏ လက်​ရုံးများ ဖြစ်​လာခဲ့သည်​။ သူတို့ အားလုံး ​ကောမျိုးနွယ်​ ခံယူကြရသည်​။
အားလုံးထဲတွင်​ ​ရှောင်​ဆစ်​သည်​ မိန်းက​လေး ဖြစ်​​သော်​လည်း အထက်​မြက်​ဆုံး၊ အရက်​စက်​ဆုံး၊ ​သွေးအ​အေးဆုံး ဖြစ်​သည်​။
ကျန်​တဲ့အချိန်​​တွေမှာ မျက်​နှာ​သေနှင့်​သာ ရှိ​နေတတ်​ပြီး တိုက်​ပွဲတစ်​ခု ရင်​ဆိုင်​ရ​တော့မည်​ ဆိုလျှင်​ သူမ မျက်​နှာတွင်​ အပြုံးတစ်​ပွင့် ခိုတွဲလာတတ်​သည်​။ ​​သွေးဆာ​နေ​သော သားရဲတစ်​​ကောင်​၏ အပြုံးမျိုး။ ယခု ​ရှောင်​ဝူ ​သေဆုံးခြင်းမှာ ​ရှောင်​ဆစ်​အတွက်​​ အ​တော်​​လေး အထိနာသွားပုံရသည်​။ ဒါ​ပေမယ့်​ ​ရှောင်​ဆစ်​ .. တကယ်​လို့သာ ​ရှောင်​ဝူ မဟုတ်​ခဲ့ရင်​ ​သေတဲ့ သူက နင်​ ဖြစ်​​နေမှာ။
သူ့ အ​တွေး​တွေကို ထုတ်​​တော့ မ​ပြောဖြစ်​။ ​ရှောင်​ဝူ ​သေဆုံးခြင်း​ကြောင့်​ တစ်​​ယောက်​တည်း ကြိတ်​ငို​နေမှာထက်​စာရင်​ ​ရှောင်​ဆစ်​ သူ့ကို နှိပ်​စက်​​နေတာ ကံ​ကောင်းခြင်း တစ်​ခုလို့ပဲ သူ မှတ်​ယူသည်​။ ​ရှောင်​ဆစ်​ ပြိုလဲသွားလို့​တော့ မဖြစ်​ပါ။
သွေးညှီနံ့လွှမ်း​နေသည့်​ ဒီ​လောကကြီးထဲမှာ ကျင်​လည်​​နေသ​ရွေ့ ငါတို့​တွေအတွက်​ ဒီလိုကိစ္စမျိုး​တွေက အမြဲတ​စေ ကြုံ​နေရဦးမှာပဲဆိုတာ​တော့ သူ ​ပြောပြချင်​မိသည်​။ အဲဒီလို အဖြစ်​​တွေ ကြုံလာတိုင်း နင်​ ဒီလို အသိလွတ်​​နေလို့ မဖြစ်​ဘူး​လေ။