Part 1

456 41 12
                                        

#CONNECTION
#WrittenByYTM
#Part1
.
.
.

ချွင်​.....ချလွမ်​......ချွင်​.....ချွင်​......

အဝါ​ရောင်​မီးမှိန်​ပျပျ အခန်းကျယ်​ကြီးတစ်​ခုမှာ ဓားနှစ်​ချောင်းယှက်​​တဲ့အသံများကဆူညံလို့​နေသည်​......

လူနှစ်​​ယောက်​မှာ ​ငွေ​ရောင်​ဝင်းဝင်းဓားရှည်​နှစ်​လက်​ဖြင့်​မနားတမ်းယှဉ်​ပြိုင်​​နေသည်​။ တစ်​​ယောက်​မှာအင်္ကျီလက်​ရှည်​​နှင့်​​ဘောင်းဘီရှည်​ကို Body Line ကွက်​တိအဖြူဝမ်းဆက်​ဝတ်​ဆင်​ထားပြီး ​နောက်​တစ်​​ယောက်​မှာ​တော့ ထို့နည်းတူစွာပင်​အနက်​​ရောင်​ကိုဝတ်​ဆင်​ထားသည်​......

နှစ်​​ယောက်​လုံးMaskအုပ်​ထားသဖြင့်​ မျက်​နှာသွင်​ပြင်​ကိုအ​သေချာမသိရ​သော်​လည်း ခပ်​မြင့်​မြင့်​စည်းထားတဲ့ ဆံပင်​ရှည်​​တွေ​​ကြောင့်​ မိန်းမငယ်​​လေး၂​ယောက်​မှန်း​သေချာ​နေသည်​......

အဖြူ​ရောင်​နှင့်​တစ်​​ယောက်​က​တော့ အညို​ရောင်​ဆံပင်​ရှည်​နှင့်​ဖြစ်​ပြီး အနက်​​ရောင်​နှင့်​တစ်​​ယောက်​က​တော့ အညို​ရောင်​ဖျောဖျောဆိုးထားသည်​ ......

နောက်​ဆုံး​တွင်​ယှဉ်​ပြိုင်​​နေရင်းက အဖြူ​ရောင်​နှင့်​​မိန်းက​လေး၏ဓားမှာ ​နောက်​တစ်​​ယောက်​ကြောင့်​ အ​ဝေးကိုလွင့်​သွား​လေသည်​။ထို့​နောက်​ရင်​ဝသို့ခပ်​ပြင်းပြင်းကန်​ခံထိရာပက်​လက်​လဲကျသွားသည်

*ဘုန်း.....*

"အ~~~ "

လဲသွားတာနဲ့အနက်​​ရောင်​မိန်းက​လေးရဲ့ ဓားသွားကသူ့လည်​တိုင်​သို့​ရောက်​နှင့်​ပြီးဖြစ်​​နေသည်.......

အနက်​​ရောင်​နှင့်​မိန်းက​လေးကစတင်​စကားဆို လိုက်​ပြီး

"မင်းစိတ်​​တွေကဘယ်​​ရောက်​​နေတာလဲ ဒီပုံစံနဲ့ မင်းဘယ်​လိုလုပ်​မလဲ"

"Ah ........"

"တစ်​​ယောက်​​ယောက်​ကိုလွမ်း​နေတာလား"

အဖြူ​ရောင်​နှင့်​မိန်းက​လေးက မြန်​မြန်​ထလိုက်​ပြီး

"Ar....မဟုတ်​ဘူး"

မျက်​နှာကိုဟိုလွှဲဒီလွှဲလုပ်​ပြီး​ပြော​နေတာ​ကြောင့်

Has llegado al final de las partes publicadas.

⏰ Última actualización: Jul 20, 2018 ⏰

¡Añade esta historia a tu biblioteca para recibir notificaciones sobre nuevas partes!

CONNECTION {Haitus}Donde viven las historias. Descúbrelo ahora