Chanyeolဆိုသူသည်လူမှုဆက်ဆံရေးတော်သည်ပြောရမည်
တိတ်ဆိတ်နေသောစကားဝိုင်းအားစကားရအောင်ရှာကာပြောသည်
ကျတော့်ထက်သာသည်
ကျတော်သည်စကားကိုသူ့လိုမပြောတတ်ပွင့်ပွင့်လင်းလင်းမပြောတတ်မေးမှဖြေသည် ပြောချင်မှပြောသည်
ထို့ကြောင့်baekကျတော့်ကိုငြီးငွေ့ကာchanyeolကိုစိတ်ယိုင်သွားသည်လား
ဒါမှမဟုတ်အရင်ကတည်းကနက်ရိုင်းတဲ့သံယောဇဉ်ရှိနေကြသည်လား
"သြော်.."
ဒါသာကျတော့်ဘက်ကတုန့်ပြန်တတ်သည် စကားထပ်မရှာတတ် ခုလိုစိတ်ညစ်နေချိန်ပိုဆိုးသည်
ကျတေ့်တုန့်ပြန်သံသြော်နှင့်အတူရှေ့ဆင့်နောက်ဆင့်တွင်baek၏ခွက်ကိုစားပွဲပေါ်ချလိုက်သောအသံကနည်းနည်းကျယ်နေသယောင်
စောင့်ချလိုက်တာဆိုပိုမှန်မည်
Baekစိတ်ထဲတွင်သူနှင့်chanyeolကိုသူငယ်ချင်းဟုကျတော့်အားမိတ်ဆက်ပေးရခြင်းကိုကျေနပ်ဟန်မတူသလို
"ကျတော်ဂျူတီရှိလို့ပြန်တော့မယ်baekhyunငါပြန်ပြီ"
Chanyeolကကျတော်နှင့်baekhyunကိုနှုတ်ဆက်ကာထပြန်တော့
"နောက်နေ့လည်းလာခဲ့မယ်နော်"
"Baekhyun"
ကျတော့်ကိုအားနာဟန်ရှိသောChanyeol၏အံကြိတ်ကာဟန့်လိုက်သံနှင့်အတူခွမ်းကနဲမြည်သံ
ဆိုင်အတွင်းမဆိုစလောက်သောစကားပြောသံတို့တတိတ်ဆိတ်သွား၏
"Kyungsooလေး!!"
ကျတော်လက်တွင်သွေးတွေရဲနေ၍ထင်
Baekhyunပြာပြာသလဲကျတော့်လက်ကိုဆွဲကာကြည့်သည် baek၏အသံကငိုသံစွက်နေသည်
"Baekhyun မင်းKyungsooကိုခေါ်ပြီးဆေးရုံလိုက်ခဲ့"
Chanyeolကbaekအားမှာကာအရှေ့မှခြေသံခပ်မြန်မြန်ဖြင့်ထွက်သွားသည်
"Kyungsooရယ် ကိုယ်အမြဲပြောတယ် သတိထားပါ
သတိထားလို့ ဘယ်တော့မှကိုယ့်စကားနားမထောင်ခဲ့
ဘူး"
ငိုချင်သည်ကာထိန်းကာပြောနေသောbaekကကျတော့်ကိုရင်ခွင်ထဲဆွဲသိမ်းကာဆိုလာသည်
"လာ ဆေးထည့်ရအောင်ထ"
ကျတော်နာကျင်နေသည့်ကြားမှပြုံးမိသည်
ကျတော်တမင်လုပ်လိုက်သော...
ကျတော့်ရှေ့တွင်ချထားသောခွက်အားလက်နှင့်ကိုင်ကာစားပွဲနှင့်ရိုက်ခွဲလိုက်ခြင်းကြောင့်မှန်ကွဲစများစိုက်ကာသွေးများထွက်လာသောကျတော့လက်ကြောင့်
Baek.....ကျတော့်ကိုစိတ်ပူကာအရင်လိုပြန်ချစ်လာမည်ဆိုရင်
အကောင်းတိုင်းရှိနေသောခြေတွေလက်တွေအားလုံးအကျိုးခံနိုင်သည်
baekကိုကျတော်အဲ့လောက်ထိချစ်သည်
To be continued...
#Dohios_pcy
•°•---~*~*~*~What if~*~*~*~---•°•
လွမ်းနေမှာစိုးလို့ အမြည်း ဘိုလဲဆွိလား😁😁 love u all မွမွ 😁😁😁
YOU ARE READING
What if~~[Completed]
Fanfictionဆက်ဆွဲထားသင့်လား လွတ်လပ်ခွင့်ပေးသင့်လား Cover by @AkariXing Baeksoo(Yaoi)
Part-8
Start from the beginning
![What if~~[Completed]](https://img.wattpad.com/cover/133292012-64-k567361.jpg)