11.နာကျင်နေဆဲနှလုံးသားအလယ်ဗဟိုဆီမှ

147 10 0
                                    

နာကျင်နေရတုန်းပဲလား
အချစ်နဲ့မကင်းနိုင်သရွေ့
နာကျင်နေရအုံးမှာပဲလေ
အဲ့တော့အချစ်နဲ့ကင်းအောင်နေ
ချစ်မိခဲ့တာရော
ကျန်ခဲ့ရတာရော
ခံစားခဲ့ရတာရော
သူ့အမှားမှမဟုတ်တာလေ
အပြစ်မတင်လေနဲ့တော့
မင်းကိုသူမချစ်တော့လို့အပြစ်မတင်လေနဲ့တော့
သူချစ်နိုင်သလောက်ချစ်ပေးခဲ့တယ်
ချစ်ပေးခဲ့သလောက်ပဲတွေး
ထက်လိုချင်လို့မင်းမောရုံပေါ့
အချစ်ကထွက်သွားနှင့်ပြီ
ပြေးလိုက်လည်းမမှီနိုင်တောဘူး
နေရစ်ခဲ့တော့ကျန်ရစ်ခဲ့တော့
ဒီထက်ပိုမနာကျင်ရအောင်
မေ့ထားရစ်ခဲ့ပါတော့
မမေ့နိုင်သေးလည်းဟိုးအနက်ဆုံး
နှလုံးသားအလယ်ဗဟိုမှာ
မြုပ်နှံလိုက်ပါတော့...
နာကျင်နေဆဲပေမယ့်ပေါ့...
#Rachel

[Unicode] တစ်ယောက်သောသူထံသို့ - To My Someone   [Zawgyi] တစ်ယောက်သောသူထံသို့ - TWhere stories live. Discover now