Chan . . . Ⅱ

3.3K 368 36
                                    

ကောင်းကင်ကစင်ကြယ်နေသည်။
လေတဖြူးဖြူးနှင့်မို့ နေသာထိုင်သာ အတိရှိသည်။
ဆောင်းဦးကာလဖြစ်သည့်အလျောက် ... ပန်းပွင့်တို့က လှလှပပပွင့်နေပြီ။

ပြတင်းပေါက်ရှေ့ဝယ်မတ်တပ်ရပ်လျက်..
ဟိုရောက်သည်ရောက်တွေးနေရင်းမှ
အတွေးထဲခနခနရောက်လာသည့် သူ့အကြောင်းက ကျွန်တော့်စိတ်နှလုံးကို အေးစေသည်။ကျွန်တော်အနိုင်ကျင့်တိုင်း ခပ်အေးအေးပြုံးတတ်သည့် သူ့အပြုံးတို့သည် ကျွန်တော့်စိတ်ကို အစိုးမရချင်ဖွယ်။
ခနိုးခနဲ့ဆန်သည့်အပြုံးတို့ကိုမြင်နေရစမြဲဖြစ်သော်လည်း အေးချမ်းသည့်အပြုံးကိုမြင်ရသည့်အခါ ရိုးစင်းသွားသည်မျိုးမရှိဘဲသာ၍ထူးဆန်းနေတာမျိုး။
သူ့ကိုစောင့်မျှော်တတ်သည့်အကျင့်ကလဲ မမွေးမြူဘဲတွယ်ကပ်နေသည့် ပိုးမွှားတစ်ကောင်လို။

ဘာလိုလိုနှင့် နေ့တစ်နေ့၏ညဘက်ကိုတောင်ရောက်ပြီလေ။

" ဝမ် ၁၂၅၀၀ ကျပါတယ်အန်တီ"

ရှေ့ကောင်တာပေါ်မှ ပစ္စည်းအချို့ကို ကြွတ်ကြွတ်အိတ်ထဲထည့်ပေးပြီး ဈေးဝယ်သူအန်တီပေးသည့် ငွေကိုလက်ခံကာ ဘောင်ချာဖြတ်ပေးလိုက်သည်။

"လမ်းတွေချော်တယ်နော်.. ဂရုစိုက်သွားပါ အန်တီ"

အန်တီကြီးက နှစ်လိုပြည့်ဝစွာပြုံးပြရင်း ခေါင်းတညိတ်ညိတ်နှင့်ထွက်သွားသည်။

ကျွန်တော်လည်း ဝယ်သူမရှိသေးသဖြင့် အအေးဗူးတို့ကို ပြန်ပြီး refill လုပ်နေလိုက်သည်။ကျွန်တော့်အတွက် 24 hours ဖွင့်သည့် စတိုးဆိုင်တစ်ဆိုင်တွင် အချိန်ပိုင်းအလုပ်လုပ်နေခြင်းက ကိုယ့်နေထိုင်စားသောက်စရိတ်အတွက်ပင်။ ပထမတော့.. ဟိုလူကြီးပေးသည့်ငွေတို့ကို ကျွန်တော့်အပေါ်တင်နေသည့် အကြွေးကိုဆပ်နေသည်ဟု ယူဆကာ လိပ်ပြာသန့်စွာသုံးနေနိုင်ခဲ့သည်။သို့သော်.. ၂လကျော်လာပြီးသည့်တိုင်အောင် သူ့ငွေတို့ကို အကြွေးအဖြစ်လက်ခံနေစရာအကြောင်းမရှိပေ။ သူပေးစရာ Bill နှင့်အတူ ကွဲစေခဲ့သောဝိုင်ပုလင်းတန်ဖိုး ကျေသောအခါ.. သူ့ပိုက်ဆံတို့ကို ကျွန်တော်လက်ဖျားနှင့်တောင် မထိဖြစ်တော့။ သူ့ကိုပြန်ပေးဖို့အတွက် သီးသန့်ပြန်စုထားလိုက်သည်။ထပ်ပြီးတော့လည်း ကျွန်တော့် ATM Account ထဲငွေမလွှဲဖို့ကို ကျွန်တော်ပြောရဦးမည်။
ဒါဟာ ကျွန်တော့်ရဲ့ယောက်ျားမာနပါလေ။
ယောက်ျားသားချင်းအတူတူ....သူများပိုက်ဆံနှင့်မရှင်သန်ချင်သည့် လူသားတစ်ယောက်၌ရှိသင့်သည့် မာနကြောင့်ပါပဲလေ။

Chan . . .Where stories live. Discover now