All Of You

4.4K 447 9
                                    

"အား...စာ​တွေ!!!!"

အသံပြဲနဲ့ ကျုံး​အော်​ရင်း
စာ​ရေးခုံ​ပေါ် မျက်​နှာကို ​မှောက်​ချကာ
Baekhyunညီးညူ​ ​နေသည်

Kyungsooအဖတ်​လှည့်​လုပ်​မ​နေ
ဒါ စာ​မေးပွဲနီးတိုင်း Byun Baekhyun
ဖြစ်​​နေကြ​တွေ။ စိတ်​ရူး​ပေါက်​တာ။

"ဒီနှစ်​​ယောက်​ပဲ သာယာတယ်​ "
အားကျခြင်းတစ်​ဝက်​ ကြည့်​မရခြင်းတစ်​ဝက်​နဲ့ Jongdaeအသံ​ကြောင့်

Kyungsoo​ခေါင်း​ထောင်​လို့ ကြည့်​​တော့
Kim Jonginနဲ့ Yoon LiLi တို့နှစ်​​ယောက်
ရယ်​​မောလို့

Kim Jonginက အခြားသူ​တွေနဲ့ဆို အမြဲခပ်​တည်​တည်​နဲ့ မတူမတန်​သလို။
မတူမတန်​ဆိုလို့ Kim Jonginက သိပ်​ချမ်းသာသည်​တဲ့ ဟုတ်​မှာပါ။
သူ့တစ်​ကိုယ်​လုံးက ပစ္စည်း​တွေ ဘာနာမည်​​တွေKyungsooမခွဲတတ်​​ပေမယ့်
တန်​ဖိုးကြီး​တွေမှန်း သိသာ​နေသည်​။

ဒါ​ကြောင့်​မို့လို့ အရာရာ ပြည့်​စုံပြီး လိုက်​ဖက်​လွန်းတဲ့ သူတို့နှစ်​​ယောက်​ကို
အားကျသူ​တွေ​သိပ်​များသည်

ဘာလိုလိုနဲ့ Kim Jongin​ကျောင်းကို​ရောက်​တာ သုံးလ​ကျော်​ ​လေးလနီးပါးဖြစ်​​နေပြီ

Kyungsoo​တွေ့ရသ​လောက်
Kim Jonginမှာ LiLiတစ်​​ယောက်​ကလွဲ
ဘယ်​သူ့မှ ​ခေါ်​ပြောတာမ​တွေ့ရ

သူ့ပုံစံကလည်း ရှိန်​ချင်​စရာကို
တစ်​ချက်​ တစ်​ချက်​များ လူကို
စူးစိုက်​ကြည့်​ရင်​ ​တော်​ရုံလူ
အနားမကပ်​​ရဲ​တော့။

သို့​ပေမယ့်​ LiLiကို​ကြည့်​တဲ့ သူ့အကြည့်​​တွေက နူးညံ့​နေမြဲ။

"အ!"

လန့်​သွားကာ ​ခေါင်းကို အတင်းငုံ့လိုက်​တာမို့
မူး​ဝေသွားရသည်

Kim Jonginရယ်​​လေ ရုတ်​တရက်
Kyungsooကို ပြန်​လှည့်​ကြည့်​လာတာမို့
လန့်​ပြီး ​ခေါင်းငုံ့​လိုက်​ရာကဖြစ်​ရတာပဲ။

"ဘာဖြစ်​တာလဲ KyungJa ya "

ဘေးနားက ထိုင်​ခုံ​ပေါ်​မှောက်​အိပ်​​နေတဲ့
Baekhyunက ​Kyungsooအသံ​ကြောင့်
နိုးကာ ​မေးလာသည်

ခေါင်းခါပြလိုက်​​တော့မှ
ပြန်​​မှောက်​အိပ်​သွား​လေရဲ့။

All Of YouWhere stories live. Discover now