Kyungsoo ဘာမှမ​ပြောနိုင်
ဒီလူ ဒါ​လေးဝင်​တိုက်​မိတာ
ဒီ​လောက်​ ​ဒေါသထွက်​စရာလိုသလား
မ​ကျေနပ်​​ပေမယ့်​ ဘာမှပြန်​မ​ပြောမိ

"ဟမ်​! ​မေး​နေတယ်​​လေ
ဘာလဲ အ ပါ​နေတာလား ဟုတ်​လား
ကျစ်​!"

"မဟုတ်​~"

"ကို!..."

Kyungsoo​နောက်​နားက​နေ
အသံချိုချို​လေးတစ်​ခု

မ​ရှေးမ​နှောင်းမှာ Kyungsoo​ရှေ့က
ဒေါသတကြီးနဲ့လူသားဟာ
ပြုံးရွှင်​သွားလိုက်​တာများ

"ဖယ်​!"

သူက Kyungsooကို တွန်းဖယ်​လိုက်​ရင်း
ထိုအသံအချိုချိုနဲ့ မိန်းက​လေးဆီ
လျှောက်​သွားတယ်
သူ့လက်​​တွေက အားပါလွန်းလိုက်​တာ
Kyungsoo ကြမ်းပြင်​​ပေါ်ကို
ထိုင်​ကျလျက်​သားပဲ

"Li~"

အချစ်​ဆိုတဲ့အရာကို Kyungsooမသိဘူး..

ဒါ​ပေမယ့်​ အဖျားစွတ်​နာမည်​​ခေါ်သံ​လေး
တစ်​လုံးတည်း Kyungsooကြားရရုံနဲ့
ထိုသူက သူမကို သိပ်​ချစ်​တယ်​ ဆိုတာ
Kyungsoo ခံစားလို့ရ​နေတယ်

ခုဏက Kyungsooကို ​ပြော​နေတဲ့
ခက်​ထန်​တဲ့​လေသံ​တွေ ​ပျောက်​ကွယ်​ကုန်​ပြီ

သူ့မျက်​ဝန်း​တွေက တန်​ဖိုးဖြတ်​မရတဲ့ မြတ်​နိုးတဲ့ အရာတစ်​ခုကို ကြည့်​​နေတဲ့အတိုင်း
နူးညံ့လွန်း​နေလိုက်​တာ

ခုဏကလို စူးရဲရဲ အကြည့်​​တွေ မဟုတ်​​တော့

"ကို ဒီကို ဘယ်​လိုလုပ်​ "

"မခွဲနိုင်​လို့ Liနဲ့ နည်းနည်း​လေး​တောင်
မခွဲနိုင်​​တော့လို့ ကိုယ်
ကျောင်း​ပြောင်းလာတာ"

သြော်​ အခုမှ သူက
ကျောင်း​ပြောင်းလာသည်​ကိုး

သူများချစ်​သူ​တွေ
ပြော​နေတာကို နားမ​ထောင်​သင့်​မှန်း
သိ​ပေမယ့်
Kyungsoo​လဲကျ​နေရာက​နေ​တောင်​ မထမိ

ထိုသူရဲ့အကြည့်​​တွေက
Kyungsooဝဲဘတ်​ရင်​အုံကို
အခုန်​မြန်​​စေသည်

ဘာကိုမှ မ​တွေးနိုင်​​အောင်​ပြုစားသည်​။

"ကို ဒီပန်း​လေး​​တွေက Liဖို့လား လှလိုက်​တာ "

All Of YouUnde poveștirile trăiesc. Descoperă acum