Ep4💬(Zawgyi&Unicode)

Start from the beginning
                                    

"😮...."

"နင့်ပုံစံကလဲ အူကြောင်ကြောင်နဲ့..ဘာမှသိတဲ့ပုံလဲ ပေါ်မှာမဟုတ်ပါဘူး...လာ..လမ်းမှာ ဆက်ပြောပြမယ်...ဒီမှာပဲရပ်ပြီးပြောနေရင် မိုးချုပ်သွားမယ် ကျောင်းရောက်မှာ မဟုတ်ဘူး..😑"

"သြော်...အွန်း...သွားမယ်လေ...😶"

"သူက ဒီလိုလေ...ငါပြောပြမယ်...အဲ့ကိုကြီးနာမည်က ထုံးရေစက်တဲ့..."

"ထုံးရေစက်..."

သူသံတူလေးရေရွတ်ပြီးတော့ နုနယ်က ခေါင်းကိုအားပါပါနဲ့ညိမ့်ပြကာ...

"ဟုတ်တယ် ထုံးရေစက်...
သူကရည်းစားလဲရှုပ်တယ်တဲ့ ဟောတစ်ယောက်ဟောတစ်ယောက် တွဲတာတဲ့...ဘာတဲ့ ငါကြားတာတော့ ရည်းစားထားရတာကိုက သူ့ဝါသနာတဲ့..."

"အမ်...ဘယ်လိုကြီးလဲ..😕"

"အေး ဘယ်လိုကြီးလဲ တော့ ငါလဲ မသိဘူး
ပြီးတော့ သူက အရက်လဲသောက် ကွမ်းလဲစား..စီးကရက်လဲဖွာ..လောင်းကစားလဲ တခါတလေ လုပ်တာတဲ့..."

"ဟာ..လောင်းကစားလဲလုပ်တယ်..😕"

လောင်းကစားဆိုရင် သိပ်မုန်းတဲ့ ကောဏ်းအတွက်ကတော့ သူကလူဆိုးကြီးတစ်ယောက်ဖြစ်ရတော့သည်..

နုနယ် ပြောနေတာတွေက အကောင်းတခုမှမပါ...ဒါတောင်မှ ကောဏ်းကသူ့ကိုအဲ့လိုလုပ်တဲ့သူလို့ မထင်သေးဘူး.😑...

"သူ့ပုံစံက အဲ့လိုလေးလို့မထင်ရဘူးမှတ်လား...😌"

"အင်း...ဟုတ်တယ်..😟"

"ဘယ်ထင်မလဲ သူ့လုပ်ရပ်တွေနဲ့ သူ့ရုပ်လေးနဲ့မှမလိုက်တာ လူကကြည့်ကောင်းသလောက် မကောင်းသတင်းတွေထွက်တာ အများကြီးပဲ...😌"

"နုနယ်ရေ............."

သူတို့နှစ်ယောက်စကားတပြောပြောနဲ့လျှောက်လာကြတာ ကျောင်းရှေ့ရောက်လို့ရောက်သွားမှန်းတောင်မသိကြပဲ ကျော်သွားခါနီးတော့မှ နုနယ်သူငယ်ချင်းတစ်ယောက်ရဲ့ ခေါ်သံကြောင့် နှစ်ယောက်လုံးသတိပြန်ကပ်သွားရသည်...

နုနယ်သူငယ်ချင်းက လှမ်းလဲခေါ် နုနယ်နားလဲရောက်လာသည်

"နုနယ် နင်ကလဲ အရမ်းကြာတာပဲ အောင်စာရင်းဆိုတာ စောစောကြည့်ရတယ်ဟဲ့...နင် အောင်စာရင်းကိုရင်မခုန်ဘူးလား..."

ထားရာ​နေ ​စေရာသွား💬-ထားရာနေ စေရာသွား💬Where stories live. Discover now