ဒီအပိုင်းလေးက..ကောဏ်းအတိတ်ကိုပြန်တွေးတဲ့အပိုင်းလေးပါနော် ဒီအပိုင်းလေးကနေစပြီး သူတို့နှစ်ယောက်ရဲ့အကြောင်းကိုကကြီးကနေစပြီးပြောပြပေးမှာပါနော်...
ငယ်..စကားတွေရှည်သွားတယ် 😁ကဲ...စဖတ်လို့ရပါပြီရှင်....
💬💬💬💬💬💬💬💬💬
ကောဏ်းမော့ကြည့်လိုက်မိတော့
မျက်ဝန်းတစုံ....👀
"ဗျာ....."
"မင်းလူတစ်ယောက်လုံးကိုတောင်မမြင်ဘူးလားလို့ပြောနေတာ....😕"
"ဟိုလေ...ကျွန်တော်...မမြင်လိုက်... "
"ဒီမှာ..ရှင်ကလဲဝင်တိုက်သေးတယ် ကောဏ်းကိုဟိန်းလားဟောက်လာလုပ်နေရအောင်ရှင်ကဘာမို့လို့လဲ....လာ..ကောဏ်းသွားမယ်...ဟွန့်😒"
နုနယ်ပွစိပွစိပြောကာ ကောဏ်းလက်ကိုဆွဲပြီးသူ့ရှေ့ကနေ ခေါ်ထုတ်လာခဲ့သည်..
သို့သော် သူ့အကြည့်တွေက ကောဏ်းဆီမှာ...
သူ့အကြည့်တွေက ရဲတင်းသလိုလို ဂရုမစိုက်သလိုလိုနဲ့မို့ ..
လူမှုဆက်ဆံရေးကိုသိပ်နားမလည်တဲ့ ကောဏ်းအတွက်ကတော့ သူ့ကို ဂျိုကြည့်တာပြန်ကြည့်ပေးခဲ့ရသည်😁...
......
နုနယ် ..ကောဏ်းကိုဆွဲခေါ်လာတာ သူနဲ့တော်တော်ဝေးဝေးရောက်နေပြီဖြစ်သော်လည်း
နုနယ်က မသိလို့လားမသိ...ကောဏ်းလက်ကို ဆက်ဆွဲထားတုံးပဲမို့လို့...
"နုနယ်... ငါတို့ ဟိုလူနဲ့ဝေးဝေးရောက်နေပြီ..."
အဲ့တော့မှ နုနယ်က ပျာပျာသလဲ လှည့်ကြည့်ကာ..ဟိုချောင်းဒီချောင်းချောင်းပြီး..ကောဏ်းလက်ကိုလွှတ်ချလိုက်တော့သည်...
"ဟူး...ငါအရမ်းလန့်သွားတာပဲ.."
"ဟင်..ဘာလို့လဲ..😮"
"နင်က ပြသနာအိုးကို ဒုတ်သွားထိုးတာကို..."
"ဘယ် ပြသနာအိုး...😮"
"စောစောက နင်ဝင်တိုက်တဲ့သူလေ အဲ့တာ တကယ်ပြသနာ အိုးဟ..သူကအရမ်းဒေါသကြီးတာ..သူကနာမည်ကြီးလေဟာ..နင်မသိဘူးလား..."