8.1.16

•*•*•*•*•*•*•*•

Noono Magazine InterviewBaekhyun
Exo × Noono Magazine

BAEKHYUN

Q. ခန္ဓာကိုယ်တခုလုံးရဲ့ ဘယ်အစိတ်အပိုင်းကို ယုံကြည်မှု အရှိဆုံးလဲ??

A. ကျနော့်ရဲ့ ကျယ်ပြန်လှတဲ့ ပုခုံး၂ဖက်ပါ....
အဲ့ ပုခုံးတွေ ကြောင့်လူ တွေက ပြောကြတယ်...
" suit ဝတ်ရင် အရမ်းကြည့်ကောင်းတာပဲတဲ့"

°••°••°••°

Q.ဘယ်လို စကားလုံးမျိုးတွေနဲ့ ကိုယ့်ကိုယ်ကိုယ် အားပေးလေ့ရှိလဲ??

A. ကြိုးစားအားထုတ်မှု များစွာနဲ့ ကျနော်တို့က အသက်ရှင်နေထိုင်နေရတယ်...
ပျော်ပျော်နေရအောင်!!

°••°••°••°

Q. Japan မှာ ဘာဝယ်ခဲ့လဲ?

A. ဖုန်းပေါ်က အုပ်တဲ့ Cellphone screen membrane လေး ဝယ်ခဲ့ပါတယ်....အဲ့ဒါက ကျနော့် ဖုန်းကို သူများတွေ ချောင်းကြည့်လို့မရအောင်...
Korea မှာ အာ့မျိုးတွေ မရှိတော့ Japan ရောက်တုန်း ၂ ခု ၃ ခု လောက်ဝယ်ထားရတာ..

°••°••°••°

Q.မိန်းကလေး ဖြစ်ခဲ့မယ်ဆိုရင် ဘယ် member နဲ့ date လုပ်ချင်လဲ??

A. Xiumin hyung နဲ့ပါ...
သူက ချစ်ဖို့ကောင်းတယ်....အားတွေ များကြီးရှိတော့ ကျနော့်ကို ကာကွယ်ပေးနိုင်တယ်..
အဲ့တော့မှ ကျနော် အန္ဒရာယ်တွေနဲ့ မကြုံနိုင်မှာ..

°••°••°••°

Q. Baekhyun sii ဘဝရဲ့ hero က ဘယ်သူပါလဲ?

A. မိသားစု တစ်ခု ဖြစ်လာတဲ့နောက်မှာ သူဟာ ကျနေိာ့ အကိုနဲ့ ကျနော့်ကို လိမ္မာရေးခြားရှိလာအောင် သင်ပြပေးခဲ့တယ်...
သူကတော့ မိသားစုရဲ့ အိမ်ထောင်ဦးစီးဖြစိတဲ့ ကျနော့် အဖေပါပဲ....
ဟုတ်ပါတယ်...Iron Man ဆိုတဲ့ ရုပ်ရှင်မှာတော့ hero က iron man ပဲ ဖြစ်ပေမယ့် ကျနော့် ရင်ထဲက hero ကတော့ ကျနော့် အဖေပါပဲ...
ကျနော့် အာ့လို ပြောရင် ကျနော့် အမေ ဝမ်းနည်းလိမ့်မယ် ထင်တယ်...
အမေ့ကိုပါ ထပ်ထည့်လိုက်ရမလား?? *laugh*

°••°••°••°

Q. Fan တစ်ယောက်နဲ့ date လုပ်ရမယ်ဆိုရင် ဘယ်နေရာကို သွားချင်လဲ??

A. Namsam Tower ကို သွားချင်ပါတယ်..
အဲ့မှာ စုံတွဲလေးတေသွားပြီး သူတို့ သော့ခလောက်လေးတွေ ချိတ်ကြတယ်...သူတို့ relationship လေး တည်မြဲပါစေလို့ ဆုတောင်းကြတယ်....ကျနော်ကတော့ အဲ့ကို ရိုက်ကူးရေးလုပ်တုန်းကလွဲပြီး သီးသန့် မရောက်ဖူးပါဘူး...
ကျနော် အဲ့မှာ ညရဲ့ရှူခင်းကို သူနဲ့တူတူ ခံစားရင်း သော့ခလောက်လေးလည်း ခတ်ချင်တယ်...


English Translation by @eternally_b
Myan Translation by @KylinAeri614

**please take out with full credit**

Feb 19  2016 21:39

Baekhyunee (모든 변 백 현 에 대한 )Where stories live. Discover now