Baek actually is

1.7K 315 12
                                        

Baekhyun ဆိုရင် အမြဲ ပြုံးစိစိနဲ့ ရွစလိ စိန်လေးကိုပဲ မြင်ယောင်ကြမှာပါ...

အဲ့လိုကလေးမျိုးမှာ ဝမ်းနည်းစရာ အတိတ် လေးရှိခဲ့တယ်...

ဟုတ်ကဲ့...2014
Baek stan တွေတော်တော် များများ သိကြမှာပါ...
Baek.အတွက် တော်တော်လေးကို ဆိုးရွားခဲ့တဲ့ နှစ်ပါ!

သူက fan တွေကို အရမ်းချစ်ပါတယ်...
သူ IG ကိုပစ်သွားတယ်...ဘာကြောင့်ပစ်သွားလဲ?
သူ့ကို ပြောဆိုနေကြတဲ့...သူ့ကို ချစ်ကြပါတယ် ဆိုတဲ့...fan တွေရဲ့ အပြောတွေကို မခံစားနိုင်လို့ ပစ်သွားတာပါ!

တော်တော်လေးကို ဆိုးရွားပါတယ်...
ကြုံတုန်းပြောပြရစေ!
ဥပမာ လေးတစ်ခု....
ဘယ်လောက်ထိ ဆိုးရွားလဲဆိုရင် Korean fan တချို့ပေါ့!
သူတို့က Baek IG post အောက်မှာ Korea စာတွေ လာမန့်သွားကြတယ်....
"Baekhyun ကိုကာကွယ်ပါ"
"Baekhyun ဘေးမှာ အမြဲရှိမယ်" ဆိုတာတွေကို နောက်ဆုံးမှာ # နဲ့ English လိုမန့်ကြတယ်.....
ပြောရရင်  နောက်ဆုံးမှာ # နဲ့ အာ့လိုတွေရေးထားတော့ int' fan တွေက Baek ကိုအားပေးတဲ့ စကား ဆိုပြီး copy.နဲ့ ပြန် မန့် ကြတယ်...
အာ့လို copy copy တွေနဲ့ ပြန်ပြန် မန့်ကြတော့ IG post အောက်မှာ cmt တွေ များကြီးပေါ့...

နောက်တော့ int' fan တွေပါ အဲ့လိုမန့်လာကြတော့
Int' fan တချို့က အဲ့ korea စာတွေရဲ့ တိတိကျကျ အဓိပ္ပါယ်ကို google translate နဲ့ ရှာကြည့်ကြတယ်...
အဓိပ္ပါယ် တိတိကျကျ မထွက်လာပါဘူး.....
ဘာလို့ ထွကိမလာတာလဲ...??
ရှင်းရှင်းလေးပါ! သူတို့ သုံးထားတာက Korean slang word တွေ ....မြန်မာလိုပြောရရင် ဗန်းစကားတွေပေါ့!
ဗန်းစကားတွေဆို translation လုပ်ရင် တိုက်ရိုက် မရ ဘူးလေ!...
အာ့တာကို K fan တချို့က သိသွားပြီး ပြန်ပြီး ဖြန်ကြ..ရှင်းပြကြတော့မှ...int' fan တွေသိသွားကြတာ...
အဲ့တော့မှ Baek ကို တကယ်ချစ်တဲ့ int' fan တွေ...Kfan တွေ....ထိန်းလိုက်ကြတော့မှ နည်းနည်း ငြိမ်သွားကြတာ....

ဘာလို့ လဲ ဆိုတော့...အဲ့စ ကားတွေက slang word တွေက Baek ကို ထိခိုက်ထားတဲ့ စကားလုံးတွေပါ...ဆဲထားတာတွေရော! မတူတာတွေ...မတန်တာတွေရော! မျိုးစုံပါပဲ...
ကျနော်ဆို အဲ့စာတွေ ဖတ်ပြီး မျက်ရည်တောင်ကျရတယ် :'(

စဉ်းစားကြည့်ကြပါ....
သူက လိုင်းဖွင့်ထားတုန်း....အဲ့ cmt တွေပဲ ဆက်တိုက်တက်လာမှာလေ! Int' fan တွေ မန့်ကြတယ်ဆိုတာလည်း သူတို့က အစကမှ သေချာ မသိသေးပဲကို....
ဆက်တိုက် တက်လာတဲ့ အဲ့ စကားလုံး ကြမ်းကြမ်းတွေကို မြင်ပြီး သူဘယ်လေက်တောင် ဝမ်းနည်းလိုက်မလဲ...
ဘယ်လောက်တောင် စိတ်အားငယ်လိုက်မလဲ....
တွေးကြည့်ကြစမ်းပါ....
သူ fan တွေကို အရမ်းချစ်ပါတယ်...
အရင်ကလည်း ပြောဖူးပါတယ်..တယောက်ချင်းစီရဲ့ မျက်နှာနဲ့ နာမည်ကို မှတ်လို့ရမယ်ဆိုရင် လိုက်မှတ်နေမယ့် ကလေးမျိုးပါ!
သူချစ်တဲ့ fan တွေက (သူ့ post အောက်မှာလာမန့်တာဆိုတော့ သူ fan တွေလို့ပဲ သဘေထားမှာပေါ့) သူကို အဲ့လို ရက်ရက်စက်စက်ပြောနေကြတယ်ဆိုတာ တွေ့လိုက်ရရင် အသံတိတ် မျက်ရည် ကျနေမှာပါ.....

Baekhyunee (모든 변 백 현 에 대한 )Where stories live. Discover now