"တကယ်​ဆို ခင်​များကိုကျ​နော်​မ​ပြောသင့်​ဘူး​နော်​.. သူများpersonalကို လူ့ကျင့်​ဝတ်​​ဖောက်​ပီးမ​ပြောသင့်​ဘူး.. ဒါမဲ့ ကျ​နော်​တကယ်​စိတ်​မ​ကောင်းလို့​ပြောမိတာ"

"က​လေးကို ကိုယ်​ကူညီချင်​ပါတယ်​.. ဒါမဲ့ ကိုယ်​လဲဘာမှမလုပ်​​ပေးနိုင်​ဘူး.. က​လေးတခုခုရင်​ဖွင့်​စရာရှိရင်​​တော့ ကိုယ့်​ကိုရင်​ဖွင့်​ပါ.. မျိုသိပ်​မထားပါနဲ့."

"အင်း"

"ဟို က​လေး.. ဟိုဟာ​လေ"

"ဘာလဲဗျ"

"ဟိုက​လေးကို ကိုယ်​​ပြောထားတာ​လေးစဉ်းစားပြီးပြီလားလို့"

"ခင်​များကတကယ်​အလိုက်​ကန်းဆိုးမသိတာဘဲ.. သူငယ်​ချင်းအတွက်​စိတ်​ပူ​နေပါတယ်​ဆိုမှ ဘယ်​လိုလုပ်​ပီးစဉ်းစားနိုင်​မှာလဲ.. မစဉ်းစားရ​သေးဘူး.. လိုချင်​ရင်​​စောင့်​.. မ​စောင့်​နိုင်​ရင်​​ဂျောင်း"

Sehunစကား​ကြောင့်​ Luhanမျက်​နှာပျက်​သွားသည်​။

ပြောရက်​လိုက်​တဲ့က​လေး.. မ​စောင့်​နိုင်​ရင်​​ဂျောင်းတဲ့.. သူကအလွယ်​​လေး​ပြောလိုက်​​ပေမဲ့ ဒီကလူကရင်​ဘတ်​ကိုဓားနဲ့ထိုးသလိုဘဲ..

"ကိုယ်​​စောင့်​နိုင်​ပါတယ်​.. က​လေးဘယ်​အချိန်​ထိစဉ်းစားစဉ်းစား ကိုယ်​​သေတဲ့အထိ​စောင့်​နိုင်​တယ်​. က​လေးကမချစ်​နိုင်​ဘူးလို့အပြတ်​မင်ြင်းတာကိုဘဲ ကိုယ်​​ပျော်​လှပါပြီ.. တကယ်​ဆို ကိုယ့်​မှာ​မျှော်​လင့်​ခွင့်​​တောင်​ရှိရဲ့လား?က​လေးလို မိန်းက​လေး​တွေဝိုင်းဝိုင်းလည်​​နေတဲ့ငယ်​ငယ်​​ချော​ချော​ကောင်​​လေးတ​ယောက်​ဆီကအ​ဖြေကို ကိုယ်​လိုအသက်​ကြီးတဲ့လူတ​ယောက်​ကအရှက်​မရှိ အ​ဖြေ​တောင်းမိတာကိုက ကိုယ်​လွန်​​နေပါပြီ.. "

Luhanထိုသို့​ပြော​တော့ Sehunစိတ်​မ​ကောင်း.

အသက်​၃၀​ကျော်​သာဆိုသည်​ နုဖတ်​​နေသည့်​မျက်​နှာ​လေးက သူနဲ့ရွယ်​တူလို့ထင်​ရသည်​။ဒီလိုလူမျိုးမှာ ရည်းစားမရှိတာဖြစ်​နိုင်​ရဲ့လား?

လုပ်​ငန်းရှင်​တ​ယောက်​ဖြစ်​တဲ့သူက ကျ​နော့်​လိုတက္ကသိုလ်​​ကျောင်းသား​လေးကို တဘ၀လုံးစာရည်​ရွယ်​ပါ့မလား?ကျ​တော်​မယုံရဲလို့ တမင်​​ချေထားတာပါ..

ချစ်မြတ်နိုးမိသူ၏နှလုံးသားမှသည်(Unicode) ချစ်မြတ်နိုးမိသူ၏နှလုံးသားမှသည်(Zawgyi)Where stories live. Discover now