"ကျေးဇူး။"

သူ ကမ်းပေးသော ခွက်လေးကို လှမ်းယူရင်း အပြုံးနှင့်ဆိုသည့် မမ မျက်နှာသည် ငြိမ်းချမ်းဖြူစင်လွန်းပါသည်။ ကိုယ်တိုင်အတွက် ငှဲ့ထည့်လိုက်သော ရေနွေးအိုးလေးထဲရှိ chamomile tea ရည်ကြည်များမှ စိမ့်ထွက်လာသော အခိုးငွေ့တစ်ချို့သည် သူ့အမြင်များကိုေ၀၀ါးသွားစေသည်။

ခပ်လှမ်းလှမ်းမှာ ၀ဲပျံနေသော လိပ်ပြာလေးနှစ်ကောင်သည် သူ အခုနက မြင်ခဲ့ရသည့် လိပ်ပြာလေးများပင်လား။ ဒါမှမဟုတ် အခြားလိပ်ပြာလေးနှစ်ကောင်လား သူ မသိ။ လေအဟုန်မှာ ၀ဲပျံနေပုံလေးကိုက မျက်တောင်မခတ် ငေးကြည့်ချင်လောက်အောင် လှပနေသည်။ ထိုနေ့ကလည်း ဒီခြံထဲမှာ ဒီလိုပဲလိပ်ပြာလေးတွေကို သူ ငေးကြည့်နေခဲ့သည်။

လွန်ခဲ့သည့် သုံးနှစ်၊ သူ့မိခင်ဆုံးပြီး သိပ်မကြာခင် အချိန်ကာလတစ်ခုမှာပါ။ ထိုနေ့ ထိုအချိန်က အဖြစ်အပျက်များကို အခုအချိန်အထိ သူ ကောင်းကောင်းမှတ်မိနေသည်။ ထုံထိုင်းလာသော ခြေဖျားများမှတဆင့် လှုပ်ရှားမရတော့သည့် ခြေထောက်များနှင့်အတူ ကိုယ်ခန္ဓာအောက်ပိုင်းတစ်ခုလုံး စပါးကြီးမြွေတစ်ကောင် အမြိုခံရသလို သူ ခံစားခဲ့ရသည်။ ချွေးစီးတွေပြန်ကာ ဘာတွေဖြစ်နေမှန်းမသိ။ သတိမေ့သွားတာလည်းမဟုတ်ဘဲ အရာအားလုံးကို ကြည်လင်ပြတ်သားစွာ မှတ်မိနေခဲ့တာ။ ထိုအချိန်မှာ မမ သူ့အနားမှာရှိနေတာ သူ့အတွက် ကံကောင်းသွားသည်။ ချက်ချင်းပဲ သူ့ကို ဆေးရုံသို့ အမြန်ဆုံးလိုက်ပို့ပေးခဲ့သည်။

ကျန်တာတွေကတော့ အိပ်မက်လိုလို၊ အရိပ်တွေလိုလိုသာ သူ မှတ်မိသည်။ ဦးနှောက်မှာ အကျိတ်ဖြစ်နေတာတဲ့။ ကင်ဆာအဆင့်မဟုတ်။ သိပ်လည်းမကြီးသလို ဖြစ်နေသည့်နေရာကလည်း အခြားကိုယ်ခန္ဓာအစိတ်အပိုင်းတွေရဲ့ လှုပ်ရှားမှုတွေကို ဘာမှအန္တရာယ်မဖြစ်စေသည့် နေရာတစ်ခုပါတဲ့။ ခွဲထုတ်လိုက်လျှင် ပျောက်ကင်းနိုင်သည်တဲ့။

သတင်းကောင်းတွေတော့ မဟုတ်ခဲ့။ မိခင်ဆုံးပါးသည်ကို လက်ခံနိုင်ဖို့ ကြိုးစားရုန်းကန်နေသည့်သူ့အတွက် နွေခေါင်ခေါင်မှာ မိုးကြိုးပစ်ချခံလိုက်ရသလိုပါ။ မမက တစ်ချိန်လုံး အားပေးခဲ့ပေမယ့်၊ လိုအပ်သည့် စစ်ဆေးမှုများနဲ့ ရှေ့ဆက်ခဲ့ပေမယ့် သူ ကြောက်ခဲ့သည်။ ဦးနှောက်ကင်ဆာ ဆိုသည့် စကားလုံးကို သူ အရမ်းကြောက်ခဲ့သည်။ သေခြင်းတရားက သိပ်မဝေးတော့တဲ့ အနာဂတ်တစ်ခုမှာ သူ့ကို လက်ကမ်းကြိုဆိုနေသည်ကို နေ့တိုင်းမတွေးမိဘဲ မနေနိုင်ခဲ့။

ဆူးDove le storie prendono vita. Scoprilo ora