ရူးအောင်ချစ်မဲ့သူ (13)(Z+U)

Začít od začátku
                                    

"မတက်ဘူး Mommy! ကျွန်တော်မရှိတော့ရင် Mommy က ကိုကို့ကို နှိပ်စက်ဦးမှာ!"

"ဘာ!! ငါက နင့်အရှေ့မှာမို့ ဒီကောင်ကို ဘာမှမလုပ်ရက်ဖူးထင်နေသလား ကြည့်ထား Oh sehun!"

ဖျန်း!!! ဖျန်း!!!! ဖျန်း!!! ဖျန်း!!!!

ပါးနှစ်ဘက်လုံး ထူပူသွားခဲ့ပါသည်။ သို့ပေမဲ့ နေရာမှမရွေ့ ခေါင်းငိုက်စိုက်ချထားလျက် သူဌေးကတော်လုပ်သမျှကို ငြိမ်ခံနေလိုက်ပါသည်။

"မကောင်းတဲ့ကောင်!! အကျင့်မကောင်းတဲ့ကောင် လာခြင်းမကောင်းတဲ့ကောင် ငါ့သားလေးကို ဘယ်လိုများ ဖျားယောင်းထားလည်း မသိဘူး မိဘစကားကို အမြဲနားထောင်ခဲ့တဲ့ကလေး ပြန်မပြောတတ်တဲ့ကလေးက နင့်ကြောင့်ပြန်ပြောနေပြီဟဲ့!!"

"ကျွန်တော်တောင်းပန်ပါတယ် သခင်မကြီး..တောင်းပန်ပါတယ် ကျွန်တော်ငယ်လေးကို တကယ်ချစ်တာပါ"

"ပိတ်ထား နင့်ပါးစပ်ကိုပိတ်ထားစမ်း ချစ်တာတွေ မေတ္တာတွေ လာပြောမနေနဲ့ Park chanyeol..! နင်တို့အဆင့်အတန်းနဲ့ ငါတို့အဆင့်အတန်း တူလို့လား နင့်လိုအောက်တန်းစားကို သားမက်မတော်နိုင်ဘူးဟဲ့ ထွက်သွား!! ငါ့အရှေ့ကထွက်သွား!!"

သူဌေးကတော်ကြီးက အရူးတစ်ယောက်လိုပင် မျက်စိစုံမှိတ်ပြီး အော်ဟစ်နေပါသည်။

သူဌေးကတော်ကြီးက ထွက်သွားလို့ပြောတယ် ကျွန်တော်သွားလို့ရပြီထင်ပါရဲ့ နားထဲမှာ ဘာစကားမှမကြား ငယ်လေးရဲ့ငိုသံရှိုက်သံတွေသာ နားထဲ၌ ပဲ့တင်နေပါတော့သည်။

သြော်...ကိုကိုက ငယ်လေးမျက်ရည်တွေကို ခြွေတဲ့သူသက်သက်ပါပဲလားကွာ...

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ထိုပြဿနာတွေကြောင့် နယ်ရောက်နေသော အဖေလည်း Ohအိမ်တော်ကြီးကို ပြန်ရောက်လာခဲ့ပါသည်။

သူဌေးကြီးကတော့ အစကတည်းက ကျွန်တော့ကိုချစ်တဲ့သူမို့ ဘာမှမပြောပေမဲ့ သူဌေးကတော်ကြီးရဲ့ဆန္ဒကိုတော့ တွန်းလှန်နိုင်ဟန်မထင်ပါ

ကျွန်တော်နဲ့ ဖေဖေ့ကို နယ်မှာရှိတဲ့စက်ရုံကို ဦးစီးခိုင်းမယ်ဆိုပြီး တဖက်လှည့်ဖြင့် ခွဲထုတ်ခဲ့ပါတယ်

ရူးအောင်ချစ်မဲ့သူZ+U(COℳPℓξፐξD)Kde žijí příběhy. Začni objevovat