ရူးအောင်ချစ်မဲ့သူ (12)(Z+U)

Start from the beginning
                                    

“သားငယ်!! ဒီလိုအောက်တန်းစားတွေကို မျက်နှာသာမပေးရဘူးလို့ mommy ပြောထားတယ်လေ ကိုယ့်အဆင့်နဲ့ကိုယ်နေပါ ပြီးတော့ ဒီကောင်က မျက်နှာသာပေးလို့မရဘူး သားငယ်!!"

“ဟဲ့!! ဟိုကောင် ဘာတွေရပ်နားထောင်နေတာလဲ ဒီမှာ ငါ့သားလေးရဲ့ ပစ္စည်းတွေ အကုန်သယ်ပြီး အိမ်ပေါ်ထပ်ပို့ပေးလိုက်!!"

“mommy!!"

Oh sehunက ကျွန်တော့ကို အားနာလို့ထင်ပါရဲ့ သူ့အမေကို ၀င်ပြီးဟန့်တားပါတယ်

“ဟုတ်ကဲ့ ကျွန်တော်ပို့ပေးလိုက်ပါ့မယ် သခင်မကြီး"

“ပြီးရော ဘာပစ္စည်းမှ မထိခိုက်စေနဲ့နော် တခုခုပျက်စီးသွားလို့ကတော့ နင့်အတွက် သူဌေးကြီးပေးထားတဲ့ မုန့်ဖိုးထဲက ဖြတ်မှာ!! သားငယ် အပေါ်ထပ်မှာ သွားနားတော့ Mommyလည်း သားDaddyနောက် လိုက်သွားလိုက်ဦးမယ်"

သူဌေးကတော်က ပွစိပွစိရွတ်ပြီး အိမ်အပြင်ထွက်သွားခဲ့ပါတော့သည်။

သူလည်း Oh sehunရဲ့ အ၀တ်အစားအိတ်တချို့ကို ဆွဲယူလိုက်ပြီး အိမ်ပေါ်တက်ရန်ပြင်လိုက်ပါတော့သည်။

“ရတယ်!!ကိုကို ထားလိုက် ငယ်လေး ကိုယ့်ဟာကိုယ် တင်လိုက်ပါ့မယ်"

ကောင်လေးက သူ့ကို ခေါ်လိုက်တာ “ကိုကို" တဲ့ ဒီအိမ်ကြီးကိုရောက်ပြီး မိသားစုဆန်တဲ့ နွေးထွေးမှုကို သူဌေးOhဆီကလွဲရင် ဒီကောင်လေးဆီမှ ပထမဆုံး ခံစားခဲ့ရတာပါ

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

သူလည်း Oh sehunစကားကို နားမထောင်ပဲ သူဌေးကတော်ခိုင်းထားခဲ့သည့်အတိုင်း ပစ္စည်းအားလုံးကို အိမ်ပေါ်ထပ်သို့ သယ်ပို့ပေးလိုက်ပါသည်။

ကောင်လေးကလည်း အားနာနေတဲ့ ရုပ်လေးနဲ့ သူနိုင်တာလေးတွေတော့ သယ်ပေးရှာပါတယ်

“ပြီးပြီ!! သခင်လေး ကျွန်တော့ကို ဘာခိုင်းစရာရှိသေးလဲ?"

နဖူးတွင် စီးကျလာသည့် ချွေးများကို လက်ဖမိုးဖြင့် ခပ်ကြမ်းကြမ်း ဆွဲသုတ်လိုက်ပြီး မေးလိုက်တော့...

“ကိုကို!! ကျွန်တော်ပြောထားတယ်လေ ကျွန်တော့ကို သခင်လေးလို့ မခေါ်ပါနဲ့ဆို"

ရူးအောင်ချစ်မဲ့သူZ+U(COℳPℓξፐξD)Where stories live. Discover now