"ဒီကောင်လေး မနက် စောစောစီးစီး ပျားတုပ် ခံရတာနေမယ် " ဟု ပြောကြသည်

ဒါပေမဲ့ Kyung Soo ထို စကားတွေကို... လစ်လျူရှု ကာ...လျှောက်လာရင်း.. ရွာ ပြင်တောင်ရောက်နေပြီ....
Kyung ရဲ့ အဖွားဖြစ်သူက.. ရွာ၏... ဆေးဆရာ တစ်ယောက်ဖြစ်ပြီး... ရွာကလူ များစွာကို... ကယ်နိုင်ခဲ့သည်။
Kyung Soo ကတော့.. အဖွားရဲ့ အကူပေါ့.. ငယ်ငယ်ကတည်းက အဖွားနှင့်နေပြီး... အဖွားနှင့်အတူ.. ဆေးပင်တွေကို ထွက်ရှာလေ့ရှိတာကြောင့်.. ဆေးရွက် ဆေးပင်တွေနှင့် ကျွမ်းဝင်ပြီး... တောထဲ တွင်လည်း.. သူ့အတွက် ကစားကွင်း လိုပင်ဖြစ်နေသည် ။
ငယ်ငယ်တုန်းက အဖွား ကိုယ်ဝန်ဆောင် တွေကို.. မွေးဖွားပေးရင် ... ဘေးက ကူညီပေးရတာ အလွန်ပျော်စရာကောင်းသည် ။ အခုတော့. အလွန်ပင် ပြင်းဖို့ကောင်းနေပြီ ။

... မိဘ အကြောင်းမေးမယ် ဆိုရင် တော့..
Kyungမှာမိဘမရှိပါဘူး..သိတတ်စ အရွယ်ကတည်းက ..အဖွားနဲ့ပဲ နေသည်... အဖွားကပြောတယ်Kyung ရဲ့ မိဘတွေက.. Kyung မွေးပြီး မကြာခင်မှာ.. နှစ်ယောက်လုံး ဆုံးသွားခဲ့တယ် လို့ပြောသည် ။ ဒါမဲ့ Kyung ဝမ်းမနည်းပါဘူး... Kyung မှာ အဖွားရှိပြီးသားမဟုတ်လား ... အဖွားနှင့် နေရတာလဲ. အလွန်ပင် ပျော်စရာ ကောင်းလှပါပြီ... ဒီဘဝ မှာ Kyung .. အဖွား သာ ရှိနေရင် ဘာကိုမှ မလိုအပ်တော့ ပါဘူး....

ဒါပေမဲ့ ဒီနေ့ အဖွားKyung ကို စိတ်တိုအောင်လုပ်သည် ။ မနက်အစောကြီးနှိုးပြီး.. ဆေးပင်ရှာခိုင်းတာ.. Kyung က... အများကြီး အိပ်ချင်သေးတာ.. ကို.. နှိုးတာ မထ ရင်လဲ.. လက်ဆွဲတော် တုတ်နဲ့ လာ နိုးပေအုန်းမည် ။ တကယ်ပါပဲ တစ်ခါလာလည်း အဲ့တုတ်.. နှစ်ခါလာလည်း အဲ့တုတ် နဲ့.. Kyung အသက် နှစ်ဆယ် ရှိနေပြီကို.. အဖွားက ခုထိ ကလေးလို.. တုတ်နဲ့ ခြိမ်းခြောက်တုံးပဲ.. ရှီးးး ဒေါသထွက်တာ...
.

အရှေ့ကို မကြည့်ပဲ...ဆူပုတ်ပုတ် ဖြင့် အောက်ကို ငုံ့ပြီး ဆောင့်ဆောင့်အောင့်အောင့်.. လျှောက်လာနေတာကြောင့် ..
အရှေ့မှာ ရှိသည့်.. အရာကြီးကို မမြင်မိပဲ...ထိုအရာကို ခလုတ်တိုက်ပြီး.. အောက်ကို လှဲကျသွားတော့သည် ။

အားးး

ပထမဆုံး .ခံစားချက်လိုက်တာက... သူလှဲကျသွားတာ သိပ်မနာဘူး... ဘယ်နေရာမှလည်း.. မနာဘူး...
စဉ်းစားရင်း.. သူ့ကို ခလုတ်တိုက် ပြီး လှဲစေသည့်... အရာကို ဖြည့်ဖြေးကြည့်လိုက်သည်...

Mafia ချစ်​သူWhere stories live. Discover now