'' Kyungsoo !! ဘာဖြစ်လာတာလဲ ? ငိုလာတာလား ? ''
အိပ်ချင်စိတ်လည်း မရှိသေးတာကြောင့် ပျင်းပျင်းရှိနေရင်း TVကြည့်ရင်းနဲ့ ပါတီသွားတဲ့ နှစ်ယောက်ကို စောင့်နေမိပါတယ် ။
ပြန်လာတော့ Kyungsooက မျက်လုံးတွေ နီရဲလို့ ။ မျက်လုံးတွေ ရဲနေလို့သာ ငိုထားတယ်လို့ ထင်ရရုံ ။
ပြောမယ့်သာ ပြောရတာ ကလေးကို 4နှစ်အတွင်း တစ်ယောက်ထဲ ပင်ပင်ပန်းပန်း ချော့လှည့် ၊ ခြောက်တစ်ခါ ထိန်းခဲ့ရတဲ့ Kyungsoo အတွက် အရင်လို မျက်ရည်မလွယ်တော့ ။
လောကဓံကပဲ သင်သွားတာလား ? အချစ်ရဲ့ ပစ်ပယ်ခံမှုကြောင့်ပဲ ရင့်ကျက်သွားတာလား ?
အချစ်စစ်သာ ဖြစ်ခဲ့လျှင် ...
ဘဝဆက်တိုင်းမှာ ကံကြမ္မာ လှည့်ကွက်မပါတဲ့
အချစ်တွေနဲ့သာ နှလုံးသားချင်း နီးနိုင်ကြပါစေ ။ဆုတောင်းပေးရုံမှအပ အခြားနည်းလမ်း မရှိတော့ပြီ ။
°•°•°•°
'' TaeOhလေး အန်တီ့ကို ရယ်ပြပါအုံး ''
hunnie ဘွဲ့ယူဖို့အတွက် သွားနေတဲ့ လမ်းတစ်လျှောက်မှာ အန်တီOhက သားလေးကို မြူ နေတာကို သားလေးကလည်း သဘောကျ တခစ်ခစ်နဲ့ ရယ်လို့ ။
ကျနော့်ရင်ထဲ ကြည်နူးမှု လှိုင်းကလေး ဖြတ်စီးသွားသည် ။
ဒီလိုအရွယ်လေးက အဖိုးအဖွှား လက်ထဲ နေရတာ နှစ်သက်မိတာ မဆန်းပါ ။ ကျနော့် သားလေးကသာ မိဘမစုံ ။ အဖိုးအဖွှားဆိုတာ စိတ်ကူးနဲ့တောင် မြင်ဖူးခဲ့တာ မဟုတ်ခဲ့ ။
စိတ်ရှုပ်ထွေးစွာ သက်ပြင်းတစ်ချက် ချမိတော့ အရှေ့ခန်းမှာထိုင်တဲ့ Luက စိတ်ပူတဲ့ မျက်ဝန်းတွေနဲ့ လှည့်ကြည့်လာသည် ။
'' Kyungsoo လေး ''
'' ဗျာ ! အန်တီ ''
'' hunnie ပေးထားတဲ့ တိုက်ခန်းမှာ နေရတာ အဆင်ပြေရဲ့လား ? ''
'' ဟုတ် .. အဆင်ပြေပါတယ် ''
ကား အနောက်ခန်းထဲ ကျနော်နဲ့ အန်တီOh ထိုင်နေရင်း သားလေးက အန်တီOh ပေါင်ပေါ် ထိုင်နေရင်းက ကျနော့် ဘောင်းဘီစကို လက်သေးသေး လေးတွေနဲ့ လှမ်းဆွဲလာသည် ။
YOU ARE READING
HIDDEN
Fanfictionကိုယ်တို့နှစ်ယောက် ဘယ်သူမှ မသိအောင် ချစ်ကြမလား? |-- HIDDEN --| warn : Mpreg