Hunnie ညွှန်ပြမှုကြောင့် ကျနော့် လက်တစ်ဖက်က hunnieရဲ့ လက်မောင်းကို ဖက်တွယ်လိုက်သည် ။

'' အဆင်ပြေရဲ့လား .. hyung ''

'' အင်း ! ''

လိမ်တတ်တဲ့ နှခမ်းက အဆင်ပြေပါတယ်လို့
ပြောနေပေမယ့် မလိမ်တတ်တဲ့ နှလုံးသားရဲ့
အဖြေက ခြားနားနေတယ် ။

အသိတွေနဲ့ စကားလိုက် ပြောနေတဲ့Hunnieသွားသမျှ ကျနော်ပါသည် ။

ဝိုင် မကြိုက်ပေမယ့် ခပ်ကြောင်ကြောင် ဖြစ်မနေအောင် Hunnie ပေးထားတဲ့ နှစ်ချို့ စပျစ်ဝိုင်ခွက်လေး ။

'' ဝိုင်သောက်လို့ မရဘူးမလား ? ခေါင်းမူးလိမ့်မယ် ''

ကျနော့် လက်ထဲက ဆွဲလုသွားတဲ့ ဝိုင်အစား လိမ္မော်ရည် ထည့်ထားတဲ့ ဖန်ခွက်လေးအဖြစ် ပြောင်းလဲသွားလေပြီ ။

'' နှစ်ယောက်သားက ''

'' ဒီလိုပါပဲဗျာ ''

ကျနော်တို့ နှစ်ယောက်ရဲ့ အခြေအနေကို အကဲခတ်နေတဲ့ အရှေ့က လူကြီးတစ်ယောက်ရဲ့ အကြည့်ကို ရှောင်ဖယ်ရင်း ။

'' အမလေး !! ''

စကားပြော မပြတ်နိုင်တဲ့ hunnieကြောင့် ပျင်းပျင်းရှိလာတာနဲ့ ဘေးပတ်ပတ်လည် လိုက်ကြည့်ရင်းက ကျနော့်ခါးကို ဆွဲဖက်လိုက်တာကြောင့် ရုပ်တရက် လန့်ကာ အော်မိသည် ။

ကျနော်နဲ့ hunnie မျက်နှာချင်းဆိုင် အခြေအနေမှာ hunnie လက်တွေက ကျနော့်ခါးကို ဖက်ထားလေသည် ။

'' ကျနော်နဲ့ မျက်နှာချင်းဆိုင်မှာ Jongin hyung ရှိနေတယ် ''

hunnie စကားကြောင့် ကျနော် ပြုံးလိုက်ပြီး hunnie လည်ပင်းကို သိုင်းဖက်လိုက်သည် ။

Luသာမြင်ရင် ကျနော်တော့ အသတ်ခံရမလား ဆိုတဲ့ ဟာသကိုတောင် ဒီလို အခြေအနေမှာ တွေးမိသေးတဲ့ ကိုယ်တိုင်လည်း အံသြမဆုံး ။

ကျနော့် နှားထင်ကို ထိတွေ့လာတဲ့ နှခမ်းကြောင့် ( ထိတယ်ဆိုရုံ ခပ်ဖွဖွ အထိအတွေ့ တစ်ခုသက်သက်သာ ) အံ့သြမိတယ် ဆိုပေမယ့် ကျနော်နဲ့ hunnieက ညီအစ်ကိုတွေ မဟုတ်လား ?

'' hyung ကျနော် သရုပ်ဆောင်တာ လွန်သွားပြီလား မသိဘူး ။ Jongin hyung မျက်ရည်တွေ ဝဲနေတယ် ''

HIDDENWhere stories live. Discover now