JTBC interview with Baekhyun for Olympic

Começar do início
                                        

man : ဘယ်လို performance မျိုးဖြစ်မလဲဆိုတာ ကျနော်တို့ကိုပြောပြလို့ရမလား?

B : ဘာလို့လဲဆိုတော့ performance ကိုပွဲနေ့မှ ထုတ်ပြမှာမို့လို့! surprise လေ! အာ့ကြောင့်ခုလောလောဆယ် ပြောပြလို့မရသေးဘူးခင်ဗျာ

interviewer က အခု ဒီနှစ်မှမဟုတ်ဘဲ လွန်ခဲ့တဲ့နှစ်တွေကစပြီး Exo ဟာ nation's pick /nation's representative ဖြစ်နေတဲ့အကြောင်းကိုပြောနေပါတယ်
ပြီးတော့မေးတယ်

man : Exo ဟာ nation's pick/ our country's pick ဆိုတာကို Baekhyun shii တို့သိနေကြတယ်မလား?

B : ဟုတ်ကဲ့ ကျနော်တို့သိနေပါတယ်...
ပထမဆုံးအနေနဲ့ အဲ့လို ဂုဏ်ပုဒ်မျိုးကိုပေးတဲ့အတွက် ကျနော်တို့က အရမ်းကျေးဇူးတင်ပြီး ဂုဏ်ယူရပါတယ်
ကျနော်တို့ debut လုပ်လာတာ ခုဆို ၆ နှစ်ရှိပါပြီ
ဒါပေမယ့်လည်းကျနော်တို့ ဒီထက်ပိုပြီး ကြိုးစားရဦးမယ်လို့ အမြဲတမ်း တွေးကြတယ်
ပြီးတော့ ဒီလိုဖြစ်လာနိုင်ရတဲ့အကြောင်းရင်းကလည်း တကမ္ဘာလုံးက fan တွေက ကျနော်တို့ကိုပေးနေတဲ့ အချစ်တွေနဲ့ အားပေးမှုတွေကြောင့်လို့ အမြဲတွေးကြတယ်...သီချင်းအသစ်တစ်ခါထွက်လာတိုင်း သူတို့ရဲ့ စိတ်ဝင်စားမှုတွေနဲ့အတူ အားပေးမှုတွေ...အဲ့ဒါတွေကြောင့်ပဲ ကျနော်တို့ nation's pick ဆိုတဲ့ဂုဏ်ပုဒ်နဲ့အတူ ဒီ olympic စင်မြင့်ပေါ်မှာ ဖျော်ဖြေနိုင်တဲ့ အခွင့်အရေးမျိုးကိုရခဲ့တာပါ...
အဲ့အတွက်ကျနော်တို့ အမြဲကျေးဇူးတင်နေပါတယ်...

//ဒီအပိုင်းလေးရေးပြီး မျက်ရည်ဝဲမိတယ်😔
fan တွေကို အမြဲကျေးဇူးတင်ပီးချစ်နေတဲ့ idol တွေရယ်ပါ
သူတို့ဒီနေရာထိရောက်လာတာကိုတောင် သူတို့ရဲ့ကြိုးစားအားထုတ်မှုဆိုတာထက် fan တွေကိုပဲတစ်ခုတ်တစ်ရ mention ပြီး ကျေးဇူးတင်ကြတာ//

interviewer က Russian skake မယ် Evgenia အကြောင်းပြောပြီး သူက ExoL ဖြစ်တဲ့အကြောင်းပြောနေတယ်..
ပြီးတော့မေးတယ်

man : interview တစ်ခုမှာ သူမ ကပြောတယ်..Exo ကိုတွေ့ချင်ပြီး ဓာတ်ပုံတူတူရိုက်ချင်တယ်တဲ့...Exo က သူ့ကိုတွေ့လို့ရမယ့် အခွင့်အရေးမရှိဘူးလား?

B : အခွင့်အရေးသာ ရရှိခဲ့မယ်ဆိုရင် ကျနော်တို့ သူမနဲ့ တကယ်ကိုတွေ့ချင်ပါတယ်
အားကစားသမားတွေဟာ Exo fan ဆိုတာကိုကြားရတဲ့အချိန်တိုင်း ကျနော်တို့ member တွေအကုန်လုံး အရမ်းကိုစိ်တ်ဝင်စားကြတယ်...သူတို့အကုန်လုံးနဲ့ တွေ့ချင်ပါတယ်
/နာမည်ကျော် athleteဖြစ်အောင်လုပ်ကြလော့ :3/

man : တခြား exo fan တွေဖြစ်လောက်တဲ့ အားကစားသမားတွေအတွက်လည်း အားပေးစကား နည်းနည်းလောက်ပြောပေးပါလား

B : ကြိုးစားအားထုတ်မှုနဲ့အတူ ထိုက်တန်တဲ့ဆုတွေရပါစေလို့ ဆုတောင်းပေးပါတယ်...ဒါပေမယ့် မထိခိုက်ကြပါစေနဲ့!!နောက်ဆုံးအချိန်ထိ အကောင်းဆုံးကြိုးစားကြပါလို့! fighting!!

interviewer က U.S နဲ့ kpop အကြောင်းပြောတော့

B : Exo ကိုအားပေးတဲ့သူတွေက Exo ကိုတင်မကဘဲ Kpop ကိုလည်း အများကြီးချစ်ကြတယ်ဆိုရင် အရမ်းကောင်းမှာပါ

//သူတို့ဟာ ခုလိုအောင်မြင်မှုကို Exo ရဲ့အောင်မြင်မှုတင်မကဘဲ kpop ရဲ့အောင်မြင်မှုကို သတ်မှတ်ထားကြတာ...
Nation's pick be like👍🏻//

man : ဒီတခေါက်ကတော့ ဒီမှာပဲ interview လိုက်ရတာ စိတ်မကောင်းစရာပဲ...နောက်တခါ interview ဖို့အခွင့်အရေးရခဲ့ရင်တော့ ကျနော်တို့ studio ကိုလာခဲ့ပါ...ကျနော်တို့ လူချင်းတွေ့ပီး အကြာကြီး interview ကြမယ်လေ

B : ဟုတ်ကဲ့ပါ...interview အတွက် ကျေးဇူးတင်ပါတယ်

Eng trans by ExoGlobal
Myan trans by KylinAeri614
please take out with full credit

Baekhyunee (모든 변 백 현 에 대한 )Onde histórias criam vida. Descubra agora