မြတ်​မင်း​မောင်​ သက်​ပြင်းသဲ့သဲ့ချမိတယ် ။ ​အေမီက သူမှန်​တယ်​ထင်​ရင်​ ဘယ်​သူဘာ​ပြော​ပြော လက်​မခံတတ်​တဲ့သူမျိုး ။ တကယ်​လို့ အဲ့ဒီမိန်းက​လေးမှာ အပြစ်​ရှိရင်​ ရဲ​တွေက ဒီအတိုင်းအလွတ်​​ပေးပါမလား ။

"ဒီကိစ္စ​တွေ ထားလိုက်​ပါ​တော့ဟာ ။
ငါ့ကို နင့်ချစ်​သူနဲ့ မိတ်​ဆက်​​ပေး​ဦး​လေ "

အေမီက ဒေါသတွေကို ဖြေဖျောက်ပြီး ဆိုတယ် ။

"​အေး...ငါ မနက်​ဖြန်​ မိုးနဲ့ ​တွေ့​ပေးမယ်​"

"အင်း....."

"​အေမီ နင်​ ဘယ်​​တော့သွားလှူ​မှာလဲ..."

"​နောက်​နှစ်​ရက်​​နေရင်​...".

"ဟုတ်​လား..."

"အင်း....နင်​ ငါ့ကို လိုက်​ပို့ရမယ်​​နော်​..."

"​အေးပါ...နင့်အ​ဒေါ်​ရော လိုက်​မှာလား..."

"မလိုက်​​​လောက်​ဘူးထင်​တယ်​။ ငါတို့ နှစ်​​ယောက်​ပဲ သွားတာ​ပေါ့။ပိုက်​ဆံ လှူပြီးတာနဲ့ ​နေ့ချင်းပြန်​လာမှာပဲလေ "

"အင်း...."

"နင်​..ဒီ​နေ့ ဘယ်​သွားဦးမှာလဲ ။ ငါ ဘယ်​လိုက်​ပို့​ပေးရမလဲ..."

"ငါ ဘုရားဖူးချင်​တယ်​.။ နင်​ လိုက်​ပို့​ပေး"

"​ကောင်းပါပြီဗျာ "

"ဒါဆို ငါ သွားပြင်​လိုက်​ဦးမယ်​ ။ နင်​ ခဏ​စောင့်နေ​နော်​"

"​အေး......"

ထွက်​သွားတဲ့ ​အေမီ့ကို ကြည့်ရင်း သူ ပြုံးမိတယ် ။ အေမီက အရင်​လို ချစ်​စရာ​ကောင်း​နေတုန်းပဲ ။ အေမီ့ကို သူ ချစ်​တယ်​။ ရည်းစား​တွေဘယ်​​လောက်​ပဲ ထားခဲ့ ထားခဲ့ ​၊ အေမီက လွဲရင်​ ဘယ်​သူ့ကိုမှ မချစ်​ခဲ့ဘူး ။ ​အေမီက ပြန်​မချစ်​နိုင်ဘူးဆို​​တော့ ​သူ  သူငယ်​ချင်းအဖြစ်​နဲ့ပဲ တိတ်တဆိတ်  ​နေ​ပါတော့မယ် ။

~~~~~~~~~~~~~~~~~~

ဖုန်းအသံ​ကြောင့် မိုး ​ဖုန်းကို လှမ်းယူပြီး ကြည့်လိုက်​​တော့ ထက်မြတ် ။

"ဟဲလို...."

"မိုး...."

"အင်း ၊ ထက်​မြတ်​...​ပြော​လေ...."

သံသယများရဲ့ နောက်ကွယ် [ Completed ]Where stories live. Discover now