" အဲ့ဒီ စည်းတွေဘောင်တွေကြောင့် ငါ့အချစ်တွေ ရေစုန်မြောခဲ့ရတာ အခုကစပြီး ကို ဘာကိုမှဂရုစိုက်တော့မှာမဟုတ်ဘူး ကို မင်းကို ချစ်နေရဖို့ပဲတွေးမယ် ချစ်နေမယ်။ မင်းက ကို့အပိုင်ဖြစ်လာရမယ် "

" လုံးဝပဲ။ ခင်ဗျား အပိုင်ဖြစ်ရအောင် ကျွန်တော်က သက်မဲ့ပစ္စည်းမဟုတ်ဘူး "

အဓိပ္ပာယ်မရှိတဲ့ စကားတွေပြည့်နှက်နေတဲ့ ဒီစားပွဲဝိုင်ကနေ ထထွက်ဖို့ပြင်လိုက်သော်လည်း ဖမ်းဆွဲလာတဲ့ လက်အစုံကြောင့် ရုန်းမထွက်နိုင်ခဲ့ပေ။

" မင်းချစ်တဲ့ အာကာက က်ုကြိုက်တဲ့ ဘယ်အရာကိုမဆို အလျော့ပေးနေကျသူ ဆိုတာ မင်းသိရဲ့လား။ မင်းကို ကို သဘောကျတယ်ဆိုတာ သူသိရင် သူ မင်းနဲ့နီးဖို့ လုံးဝကြိုးစားမှာမဟုတ်ဘူး "

" ဟွန့်... ဟား ဟား သူက ကျွန်တော်နဲ့နီးဖို့မကြိုးစားရင်တောင် ကျွန်တော်က သူနဲ့နီးအောင် ကြိုးစားလို့ရတာပဲ ကျွန်တော်သူ့ဆီရောက်အောင်သွားမှာပါ။ ကျွန်တော် ဖြည်းဖြည်းချင်းဆီ သူ့ဘဝထဲတိုးဝင်သွားမှာ "

"မင်း စိတ်ကူးတွေ သိပ်ယဉ်တာပဲကွာ။ ဟား ဟား "

ဆွဲကိုင်ထားသော လက်အစုံကို ဖယ်ချပြီး ထွက်လာစဉ်..

" ဒိုင်ယာစီပင်ဆေးတွေ တိတ်တိတ်လေးသုံးနေတတ်တဲ့ ဆရာဝန်ကိုတော့ ဘယ်သူမှ သဘောကျမှာ မဟုတ်ဘူးထင်တယ်နော်။ "

" ဘာ.... ခင်ဗျား... ? "

ဆွဲကိုင်ထားသော လက်ကလေး အနည်းငယ်တုန်ယင်သွားသည်ကို ခံစားမိလိုက်သည်။

" ဘာလို့အဲ့လောက်လန့်သွားလဲ ကလေး။ အဲ့ဆေးတွေ ဘယ်လိုရလဲ ဘယ်သူ့အရှိန်အဝါနဲ့ရနေလဲပါ ကို ပြောပြရဦးမလား? "

" ခင်ဗျား... ခင်ဗျား... ဟာ.. မဟုတ်ဘူး. အဲ့ဒါကျွန်တော့်ရောဂါအတွက်သုံးတာ... ဟုတ်တယ်... အဲ့.. အဲ့ဒါရောဂါအတွက်သုံးတာ "

" ရောဂါအတွက်ဆိုရင်တောင် ဆရာဝန်တစ်ယောက်မှ ၅လုံးထက်ပိုမဆောင်ရတဲ့ဆေး။ ဝေဒနာရှင်တွေကိုတောင် အကန့်အသတ်နဲ့ရောင်းရတဲ့ဆေးပါ။ ကလေး... မင်းက ဆေးကို တလွဲအသုံးချနေတာ သိသာနေတာပဲလေ ဘယ်လိုလဲ "

MASK (  Editing  ) Where stories live. Discover now