"ကိုယ့်ရည်းစား...ဟုတ်​လား ။ ဘယ်​သူလဲ...မိုးလား ။ မိုးက အဲ့လိုမျိုး မလုပ်​တတ်​ပါဘူး "

"ဘာ....မိုးက ရှင့်ရည်းစားလား။ ရှင်​ နဲ့ မိုး ရတေးစား​တွေ မဟုတ်​ပါဘူးဆို ။ ကျွန်​မ မိုးကို ​နောက်​ဆို ဘယ်​လို မျက်​နှာပြရမလဲ ။ ရှင်​​တော်​​တော်​ မျက်​နှာ​ပြောင်​ တိုက်​တဲ့ သူပဲ "

မြတ်နိုးရဲ့ မျက်နှာက ဒေါသကြောင့် နီမြန်းလာတယ် ။

"ဒါဆို မင်းကို လာပြီး ပြသနာရှာတဲ့ မိန်းက​လေးက ဘယ်​သူလဲ "

သူ နားမလည်နိုင်စွာနဲ့ မေးလိုက်မိတယ် ။

"ကဗျာ ။ ကျွန်​မကို သင်​တန်းမှာ သူ့ရည်းစားကို လုတယ်​ဆိုပြီး ရစရာမရှိ​အောင်​ ​ပြောသွားတယ်​။ ကျွန်​မရဲ့ တပည့်တွေ​ရော ၊ မိတ်ဆွေတွေရှေ့မှာပါ အရှက်ရရတာ ရှင့်ကြောင့် ။ ခုဆို ကျွန်​မ..."

မြတ်​နိုးက စကားမဆက်နိုင်တော့ဘဲ မျက်​ရည်​ ၀ဲလာတယ် ။

"မြတ်​နိုး ကိုယ့်ကြောင့် ဒီလို ဖြစ်​ရတာဆို ​တောင်းပန်​ပါတယ်​။ ဒါ​ပေမဲ့ ကိုယ်​ ကဗျာနဲ့ ပြတ်​သွားခဲ့တာ ကြာပါပြီ။ သူကိုယ်​တိုင်​ ကိုယ့်ကို လမ်းခွဲခဲ့တာပါ "

"ဟုတ်​လား ၊ ကျွန်​မ ​နောက်​​နေ့မနက်​ ရှင့်ကို ​ခေါ်ပြီး ရှင်းဦးမလို့ပဲ ။ ဒါ​ပေမဲ့ ကျွန်​မ ဖုန်းထဲကို ရှင်​ရဲ့ ရည်းစား​တွေနဲ့ ​ပျော်​ပါး​နေတဲ့ ပုံ​တွေပို့လာတယ်​ ။ ကျွန်​မ ရှင့်လို လူကို ထပ်​​တွေ့ချင်​စိတ်​မရှိ​တော့ဘူး။ရှင့်ကို ကျွန်​မ လမ်းခွဲဖို့ ​ပြောခဲ့တာ​တောင်​ ဘာကိစ္စ လိုက်​ရှာ​နေရတာလဲ "

"မြတ်​နိုးကို ဘယ်​သူက ပို့တာလဲ။ ကိုယ်​ ရည်းစားများခဲ့တာ မှန်​ပါတယ်​ ။ ဒါ​ပေမဲ့ ကိုယ်​ ခုတွဲ​နေတာ မြတ်​နိုးတ​စ်ယောက်​တည်းပါ "

"​တော်​ပါ​တော့ရှင် ၊ ကျွန်​မ ထပ်​ပြီး အရူးလုပ်​ခံမှာ မဟုတ်​​တော့ဘူး။ ကျွန်​မ အလုပ်​လည်း ထွက်​လိုက်​ပြီ ။ ရှင်​နဲ့လည်း ​နောက်​ထပ်​ ဘယ်​​တော့မှ မ​တွေ့ရဖို့ ​မျှော်​လင့်ပါတယ်​ ။ ​နောက်​ဆုံးအ​နေနဲ့ ကျွန်​မ ဆန္ဒကို လိုက်​​လျော​ပေးပါ။ ကျွန်​မ သွား​တော့မယ်​ "

သံသယများရဲ့ နောက်ကွယ် [ Completed ]Where stories live. Discover now