"ဟုတ်​လား..."

"အင်း ၊ ငါလည်း နားမလည်​​တော့ဘူး၊ ဘာလို့ ဒီလို​တွေ ဖြစ်​​နေရလဲဆိုတာ"

"မင်းလို လူရှုပ်​ကို ဘယ်​မိန်းက​လေးမှ သည်းခံနိုင်​မှာ မဟုတ်ဘူး ဟေ့ရောင် "

"မင်း အဲ့ဒီလိုမ​ပြောနဲ့​လေ၊ အရင်​တုန်းက ​ငါ ဒီ​ထက်​ဆိုးတာ​တောင်​ တွယ်ကပ်နေခဲ့ကြတာကို ၊အခုမှ လမ်းခွဲခံရတာ​လေ ၊ ဘယ်လိုတွေးတွေး မရိုးဘူး "

"​အေးပါကွာ၊ ဒါ​ပေမဲ့ မိုးလို မင်း​အ​ပေါ် သည်းခံ​ပေးနိုင်​တဲ့ မိန်းက​လေး ထပ်ရှိမှာ မဟုတ်​ဘူး ။ သူ မင်း အနားမှာရှိတုန်း ဂရုစိုက်​​ပေါ့ ။ ​နောက်​​တော့မှ ​နောင်​တရစရာ​တွေ ဖြစ်​ကုန်​ဦးမယ်​"

"မိုးလို ငါ့အ​ပေါ်​ကောင်းတဲ့သူ မရှိဘူးဆိုတာ ငါ နားလည်​ပါတယ်​။ ဒါ​ပေမဲ့ မိုးက ငါ့ကို ဘယ်​​တော့မှ ထားမသွားဘူးဆိုတာ ငါယုံတယ်​ "

မြတ်မင်းမောင်က အခိုင်အမာ ဆိုတယ် ။

"​အေးပါ၊ မင်း ​သေချာရင်​ ပြီးတာပါပဲ ။ မိန်းက​လေးတ​စ်ယောက်​က စိတ်​ပျက်​သွားရင်​ ဘယ်​​လောက်​ပဲ သိပ်ချစ်​ချစ်​ စွန့်ပစ်​သွားတတ်​တယ်​"

"အင်း..."

မြတ်​မင်း​မောင်​မှာ ထက်​မြတ်​စကား​ကြောင့် မှိုင်တွေသွားပြီး သက်​ပြင်းသဲ့သဲ့ချမိတယ် ။ သူက အားလုံးအမြင်​မှာ လူဆိုးဖြစ်​​နေပြီ ထင်​တယ်​ ။ ဒါ​ပေမဲ့ သူ့အကျင့်ကို ပြင်​ဖို့က ခက်​​နေတယ် ။ မိုးအ​ပေါ်ကိုမတရားတာလည်း သိပါတယ်​။ ​နောက်​ကျရင်​​တော့ မိုးအ​ပေါ်ကို ​ကောင်းနိုင်​​အောင်​ ကြိုးစားမှာပါ ။ နောက်ပေါ့ ။

~~~~~~~~~~~~~

မြတ်​မင်းမောင်​ ညအိပ်​ရာ၀င်​ခါနီး ဖုန်း​ခေါ်သံ​ကြောင့် ဖုန်းနံပါတ်​ကြည့်တော မိုး၏ နံပါတ်​ ။

"ဟဲလို "

"​မောင်"​

"မိုး....​ပြော​လေ"

"မနက်​ဖြန်​ မိုးတို့ ​တွေ့ကြမလား"

"အ​ရေးကြီးလို့လား မိုး ။ မနက်​ဖြန်​ ကိုယ်​ ချိန်းထားတာတစ်ခုရှိလို့"

သံသယများရဲ့ နောက်ကွယ် [ Completed ]Where stories live. Discover now